“တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း တင်ဆက်ပြသမှုအစီအစဉ် ဒုတိယပွဲစဉ်ကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပ

Yunnan Gateway, August 18, 2022
Size:

ပထမအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ်၏ဒုတိယမြောက်ပွဲစဉ်ကို ဩဂုတ် ၁၄ ရက်တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ပြီး ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling ၊ ရွှင်သာ ဘာသာစကားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးမောင်မောင်ဌေးနှင့် အဆိုပါကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူပေါင်း ၃၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

“တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း တင်ဆက်ပြသမှုအစီအစဉ် ဒုတိယပွဲစဉ်သို့ တက်ရောက်သူများအား သြဂုတ် ၁၄ ရက်က တွေ့ရစဉ်

“တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း တင်ဆက်ပြသမှုအစီအစဉ် ဒုတိယပွဲစဉ်သို့ တက်ရောက်သူများအား သြဂုတ် ၁၄ ရက်က တွေ့ရစဉ်

“တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း တင်ဆက်ပြသမှုအစီအစဉ် ဒုတိယပွဲစဉ်သို့ တက်ရောက်သူများအား သြဂုတ် ၁၄ ရက်က တွေ့ရစဉ်

“တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း တင်ဆက်ပြသမှုအစီအစဉ် ဒုတိယပွဲစဉ်သို့ တက်ရောက်သူများအား သြဂုတ် ၁၄ ရက်က တွေ့ရစဉ်

ယခုအကြိမ်ပွဲစဉ်၏အဓိကအကြောင်းအရာမှာ ခရီးသွားခြင်းဖြစ်ပြီး “ရုပ်ရှင်ကြည့်ခြင်းနှင့် အပြန်အလှန်လှုပ်ရှားမှု” ပုံစံဖြင့် တရုတ်နိုင်ငံရှိမြို့များ၏ စွဲမက်ဖွယ်ထူးခြားချက်များကို ဖော်ပြတင်ဆက်ခဲ့ကြောင်း သိရသည်။ စင်တာ၏ ဘက်စုံသုံးခန်းမ၌ “Beautiful Myanmar”၊ “Beautiful China”၊ “တို့ခေါ်လိုက် ပေါက်ဖော်” စသည့်ဗီဒီယိုများကို ပွဲအစီအစဉ်များ မစတင်မီအချိန်တွင် တင်ဆက်ထားပြီး စင်တာပြပွဲခန်းမ၌ “Colorful Yunnan of China, Tourism Paradise of the World”၊ “A Land of Poetry and Dream”၊ “One Day in Yunnan” စသည့် ခရီးသွားမိတ်ဆက်ဗီဒီယိုများဖြင့် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ၏သဘာဝရှုမျှော်ခင်းများနှင့် ရိုးရာမပျက် ချစ်ကြည်ရင်းနှီးမှုများကို တင်ဆက်ဖော်ပြပြီး မြန်မာ-တရုတ်နှစ်နိုင်ငံ၏အလှတရားများနှင့် ဆွေမျိုးပေါက်ဖော်သံယောဇဉ်များကို အတူတကွ ဝေမျှခံစားစေခဲ့ကြောင်း သိရသည်။

ရွှင်သာ ဘာသာစကားသင်တန်းကျောင်း၏ကျောင်းအုပ်ကြီး ဦးမောင်မောင်ဌေးက “ဒီရုပ်ရှင်ပွဲတော်အစီအစဉ်က ကျောင်းသားတွေကို တရုတ်ယဉ်ကျေးမှုခရီးသွားလာရေးဆိုင်ရာ ထူးခြားချက်တွေ၊ စွဲမက်ဖွယ် တရုတ်ရိုးရာယဉ်ကျေးမှုတွေနဲ့ အနီးကပ် တွေ့မြင်ခံစားခွင့်ရစေလို့ အားလုံးက အရမ်းစိတ်ဝင်စားကြတယ်။ ပွဲအစီအစဉ်တွေလည်း အရမ်းကို စုံလင်ပါတယ်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာကနေပြီး ဒီလိုမျိုး အစီအစဉ်တွေကို များများကျင်းပပေးနိုင်ဖို့ကိုလည်း မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏တာဝန်ခံ Ms. Xu Ling က “ပေါင်းသင်းဆက်ဆံရေးဟာ ခင်မင်မှုကို တိုးပွားစေပြီး ယဉ်ကျေးမှုက ရင်းနှီးမှုကို နက်ရှိုင်းစေပါတယ်။ လှုပ်ရှားမှုပွဲ အစီအစဉ်များကျင်းပခြင်းကနေတစ်ဆင့် မြန်မာပရိသတ်များ တရုတ်နိုင်ငံအကြောင်း သိရှိနားလည်စေရန်၊ မြန်မာလူငယ်များအား မှတ်တမ်းရုပ်ရှင်နဲ့ တွဲဖက်အစီအစဉ်ကဏ္ဍများကနေတစ်ဆင့် တရုတ်နိုင်ငံရဲ့သဘာဝရှုခင်း၊ လူမှုဘဝနဲ့ ခေတ်ကာလအသွင်အပြင်၊ တရုတ်ရိုးရာယဉ်ကျေးမှု အနှစ်သာရများကို ခံစားသိရှိစေရန်၊ မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှုနဲ့ ရိုးရာမပျက် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာနက်ရှိုင်းစေရန် လုပ်ဆောင်သွားမည်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်းတင်ဆက်ပြသမှု အစီအစဉ်များစွာကို ဆက်လက်ကျင်းပပြီး မြန်မာပရိသတ်များအတွက် မှတ်တမ်းရုပ်ရှင်လက်ရာကောင်းများစွာကိုလည်း တင်ဆက်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)