တရုတ်နှင့်ထိုင်းနိုင်ငံ စစ်တပ်များသည် "Eagle Strike-2022" လေတပ်ပူးတွဲ လေ့ကျင့်မှုကို ယခုလ ၁၄ ရက်နေ့တွင် ကျင်းပမည်

CRI, August 12, 2022
Size:

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံလေတပ်တို့ ရရှိသောသဘောတူညီမှုအရ နှစ်ဦးနှစ်ဖက်တို့သည် ထိုင်းနိုင်ငံလေတပ် အူးလုံအခြေစိုက်စခန်းတွင် "Eagle Strike-2022" ဟု အမည်ပေးထားသည့် ပူးတွဲလေတပ်လေ့ကျင့်မှုကို ကျင်းပမည်ဖြစ်ကြောင်း၊ လေ့ကျင့်မှုတွင် အဓိကအားဖြင့် လေကြောင်းထောက်ပံ့မှု၊ မြေပြင်ချေမှုန်းခြင်း၊ အသေးစားနှင့်အကြီးစား တပ်အားအသုံးပြုခြင်းတို့ ပါဝင်ကြောင်း၊ တရုတ်လေတပ်သည် တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များနှင့် ကြိုတင်သတိပေးလေယာဉ်များ စေလွှတ်ပြီး လေ့ကျင့်မှုတွင်ပါဝင်ကာ ထိုင်းလေတပ်မှ တိုက်လေယာဉ်များနှင့် ကြိုတင်သတိပေးလေယာဉ်များ စေလွှတ်မည်ဖြစ်ကြောင်း သိရပါသည်။

ယခုအကြိမ်ပူးတွဲလေ့ကျင့်မှုသည် နှစ်နိုင်ငံလေတပ်များအကြား အပြန်အလှန်ယုံကြည်မှုနှင့် ချစ်ကြည်ရေးကို တိုးမြှင့်ရန်နှင့် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ တရုတ်-ထိုင်းနှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားကြောင်း သိရပါသည်။