အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများတွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာတမ်းများစွာကို အတည်ပြု

CRI, August 8, 2022
Size:

၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို သြဂုတ်လ ၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ရာ အစည်းအဝေးများတွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာတမ်း ၃၀ ခန့်ကို အတည်ပြုခဲ့ပါသည်။

၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ဇူလိုင်လ ၃၀ ရက်နေ့မှ သြဂုတ်လ ၆ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့ပါသည်။ နိုင်ငံ ၃၈ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များသည် တရုတ်-အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အရှေ့အာရှထိပ်သီးအစည်းအဝေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံဒေသဖိုရမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပါအဝင် အဆင့်မတူညီသော အစည်းအဝေး ၁၉ ခုသို့ တက်ရောက်ပြီး နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုနှင့် ပတ်သက်သော ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာတမ်း ၃၀ ခန့်ကို အတည်ပြုခဲ့ကြပါသည်။