【ခရီးသစ်သို့ ချီတက်】နိုင်ငံတကာအသံများမှတစ်ဆင့် တရုတ်နိုင်ငံကို သိရှိနားလည်ခြင်း။ ။ တရုတ်စီးပွားရေးက ရေလတ်ကြားကာလနှင့်ရေရှည်တွင် အခြေအနေကောင်းမွန်ခြင်းမှာ အပြောင်းအလဲမရှိနိုင်ကြောင်း ထိုင်းနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌ Dr. Sethaput Suthiwartnarueput က ဆို

Yunnan Gateway, July 21, 2022
Size:

ကိုဗစ်-၁၉ ကပ်ရောဂါ၏ ထိခိုက်မှုကြောင့် တရုတ်စီးပွားရေးသည် ရေတိုကာလတွင် ဖိအားများခံနေရသော်လည်း တရုတ်နိုင်ငံက မူဝါဒဖြင့် ၎င်းဖိအားကို ရင်ဆိုင်နိုင်ကြောင်း၊ ထို့ပြင် ရေလတ်ကြားကာလနှင့်ရေရှည်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်း လုံလုံလောက်လောက် ပံ့ပိုးပေးနိုင်ကြောင်း ထိုင်းနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌ Dr. Sethaput Suthiwartnarueput က မကြာမီရက်ပိုင်းတွင် ပြောကြားခဲ့ပါသည်။

“တရုတ်နိုင်ငံရဲ့ စီးပွားရေးတည်ငြိမ်မှုက ထိုင်းနဲ့ ဒေသတစ်ခုလုံးရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တော်တော်အရေးပါလှတယ်။ ကျွန်တော်တို့ရဲ့အမြင်တွင် တရုတ်စီးပွားရေးတိုးတက်နှုန်းနှေးကွေးခြင်းက ရေတိုကာလမှာပဲဖြစ်တယ်” ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

အနာဂတ်ကိုကြည့်ပါက အခြားသောနိုင်ငံများနည်းတူ တရုတ်နိုင်ငံသည်လည်း ဖွဲ့စည်းပုံကဏ္ဍတွင် စိန်ခေါ်မှုကို ရင်ဆိုင်နေရကြောင်း၊ သို့ရာတွင် တရုတ်နိုင်ငံသည် သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှုနယ်ပယ်တွင် တွန်းအားပေးခြင်းကြောင့် ထုတ်လုပ်ရေးစွမ်းအားသည် အရှိန်မြှင့် တိုးတက်နေခြင်းကြောင့် သက်ဆိုင်ရာစိန်ခေါ်မှုမှ သယ်ဆောင်လာသောဖိအားကို ဖြေလျှော့နိုင်ကြောင်း၊ ကျွန်တော်က ကမ္ဘာ့ဘဏ်တွင် အလုပ်လုပ်ခဲ့ဖူးပါကြောင်း၊ ဒီဂျစ်တယ်စီးပွားရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပုံစံက ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် အခွင့်အလမ်းသစ်ကို သယ်ယူလာပြီး တရုတ်က ၎င်းနယ်ပယ်နှစ်ခုတွင် အားသာချက်ရှိကြောင်း၊ တရုတ်နိုင်ငံက ဒေသတွင်းလုပ်ငန်းတွင် အရေးပါသောနေရာတွင် တည်ရှိသောကြောင့် အဆိုပါအားသာချက်များသည် တရုတ်နိုင်ငံ၏ရေလတ်ကြားကာလနှင့်ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားပေးသည်နှင့်အမျှ ဒေသတစ်ခုလုံး၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အကျိုးဆောင်ပေးနိုင်ကြောင်း၊ အာရှ-ပစိဖိတ်သမုဒ္ဒရာစီးပွားရေးထုထည်က ယခုခေတ်ကာလတွင် စိန်ခေါ်မှုနှင့် မမျှော်လင့်သောပြောင်းလဲမှု များစွာကြုံတွေ့နေရကြောင်း၊ ၎င်းစိန်ခေါ်မှုကို ရင်ဆိုင်ရန် အဓိကသည် တံခါးဖွင့်လှစ်ခြင်းကို ကာကွယ်ထိန်းသိမ်းပြီး ဒေသတွင်းတစ်ခုတည်းဖြစ်အောင် တွန်းအားပေးလိုကြောင်း၊ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (RCEP)၊ တရုတ်နိုင်ငံမှ အဆိုပြုတင်ထားသော “the Belt and Road” အတူတည်ဆောက်ခြင်း၊ ကမ္ဘာ့တစ်ဝန်းအတူဖွံ့ဖြိုးတိုးတက်ခြင်းအဆိုပြုချက် စသည်တို့အားလုံးသည် နိုင်ငံနှင့်ဒေသများအကြား ဆက်ဆံမှုပိုမိုတိုးတက်စေရန် လက်တွေ့ဆောင်ရွက်ချက်ကောင်းများဖြစ်ကြောင်း သူက ထင်မြင်ချက်ကို ပြောကြားသည်။

(သတင်းရင်းမြစ်- ဆင်ဟွာသတင်းကွန်ရက်မှ ကောက်နုတ်တင်ပြသည်၊ ဘာသာပြန်- Yunnan gateway)