တရုတ်-လာအိုမီးရထားလမ်း၏ ပထမအသုတ် လာအိုစက်ခေါင်းမောင်းများ အတည်ပြုခန့်အပ်

Yunnan Gateway, June 20, 2022
Size:

တရုတ်-လာအိုမီးရထားလမ်းအတွက် လာအိုလက်ထောက် စက်ခေါင်းမောင်းများ ခန့်အပ်ခြင်းဆိုင်ရာစာမေးပွဲသည် ဇွန်လ ၁၈ ရက်နေ့တွင် ပြီးစီးခဲ့ပြီး စာမေးပွဲ ပါဝင်ဖြေဆိုသည့် လာအိုနိုင်ငံသားမွမ်းမံသင်တန်းသား ၆၆ ဦးစလုံး အောင်မြင်ခဲ့ကာ တရုတ်-လာအို မီးရထားလမ်း၏ ပထမအသုတ် အလုပ်တာဝန် အတည်ပြုခန့်အပ်သည့် လာအို စက်ခေါင်းမောင်းများ ဖြစ်လာခဲ့သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်-လာအိုမီးရထား စတင်ပြေးဆွဲချိန်မှစတင်ပြီး တရုတ်-လာအိုမီးရထားလမ်း ဗီယင်ကျန်းစက်ယန္တရားပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံက သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ သင်ကြားမွေးထုတ်ခြင်းကို စတင်ခဲ့ကြောင်း၊ သီအိုရီဆိုင်ရာ အသိပညာသင်ကြားခြင်းနှင့် မွမ်းမံသင်တန်းသားတစ်ဦးကို ဆရာတစ်ဦးဖြင့် လက်တွေ့လေ့လာနိုင်ရန် ညွှန်ကြားပေးခြင်းပုံစံဖြင့် လာအိုမွမ်းမံသင်တန်းသားများသည် ကောင်းမွန်ပေါကြွယ်သော မီးရထားလုပ်ငန်းဆိုင်ရာအသိပညာနှင့် အတွေ့အကြုံကို ရရှိခဲ့ကြောင်း၊ နှစ်ဝက်ကြာ မွမ်းမံသင်တန်းတက်ရောက်ပြီးနောက် လာအို မွမ်းမံသင်တန်းသား ၆၆ ဦးစလုံးသည် သီအိုရီနှင့်လက်တွေ့စာမေးပွဲကို အောင်မြင်ခဲ့ကြောင်း၊ သူတို့သည် ခရီးသည်တင်မီးရထားတွဲ၊ ကုန်တင်မီးရထားတွဲနှင့် အထူးစီစဥ်ထားသည့်မီးရထားတွဲတို့တွင် အလုပ်လုပ်ခဲ့ပြီး တစ်ဦးခြင်းစီသည် အကွာအဝေး ကီလိုမီတာ ၁၀၀၀၀ ကျော်အတွေ့အကြုံရှိခဲ့ကြောင်း၊ တရုတ်-လာအို မီးရထားလမ်း လာအိုလမ်းပိုင်းတွင် တာဝန်ထမ်းဆောင်နေသော လာအို-တရုတ်မီးရထားလမ်းကုမ္ပဏီလီမိတက်ရှိ တာဝန်ခံတစ်ဦးမှ ဆိုသည်။


လာအို-တရုတ်မီးရထားလမ်းကုမ္ပဏီလီမိတက်၏ မိတ်ဆက်ချက်အရ လာအိုနိုင်ငံမှ လက်ထောက်စက်ခေါင်းမောင်းတို့သည် တရုတ်-လာအိုမီးရထားလမ်း လာအိုမီးရထားလမ်းပိုင်း၏ မီးရထားမောင်း တာဝန်ထမ်းဆောင်ရန် လိုက်ပါပြီး တရုတ်နှင့်လာအို နှစ်နိုင်ငံမှ စက်ခေါင်းမောင်းတို့သည် အတူတကွ တာဝန်ခံမောင်းနှင်ကာ အနာဂတ်တွင် စက်ခေါင်းမောင်းများသာ သီးခြားမီးရထားမောင်းခြင်းသို့ တစ်ဖြည်းဖြည်း ရောက်ရှိလာမည်ဖြစ်သည်။



(သတင်းရင်းမြစ် - Xinhua ၊ ဘာသာပြန် - Yunnan gateway)