မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ်ကို မေလ ၂၀ ရက်နေ့တွင် စတင်ကျင်ပ

CRI, May 20, 2022
Size:

ဒေသစံတော်ချိန် မေလ ၁၉ ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် သတင်းစာရှင်းလင်းပွဲကိုကျင်းပရာတွင် ပြောရေးဆိုခွင့်ရှိသူ ဦးဇော်မင်းထွန်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ်ကို မေလ ၂၀ ရက်နေ့တွင် စတင် ကျင်းပမည်ဖြစ်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မိုင်းလားတပ်ဖွဲ့ (NDAA)၊ မွန်ပြည်သစ် ပါတီ(NMSP) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဆယ်ဖွဲ့မှ ကိုယ်စားလှယ်များ ယခုအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ကြမည်ဖြစ်ကြောင်း၊ ၎င်းအနက် တပ်ဖွဲ့ ၃ ဖွဲ့မှ ခေါင်းဆောင်များက ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သက်ဆိုင်ရာသတင်းအရ လက်ရှိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)မှ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးယွက်ဆစ်သည် မေလ ၁၉ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိပြီဖြစ်ပြီး အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မှ ကိုယ်စားလှယ်များ၏ ရောက်ရှိချိန်ကို ပြောရန် မသေချာသေးကြောင်း သိရပါသည်။