ကော်ဖီစေ့အခြောက်ခံရန် ၄၈ နာရီသာ လိုအပ်သည့်အတွက် တရုတ်-မြန်မာ နယ်စပ်ရှိ ကော်ဖီစိုက်တောင်သူများက ပြုံးပျော်ရွှင်ကြ

Yunnan Gateway, May 19, 2022
Size:

တရုတ်-မြန်မာ နယ်စပ်ဒေသရှိ မန်စီကျယ့်ဖန်လယ်ယာစိုက်ခင်း၌ ကော်ဖီ စိုက်ပျိုးရေးဧရိယာ တရုတ်ဧက ၂၉၂၀ (တရုတ်ဧက တစ်ဧကသည် ၆၆၆.၆၇ စတုရန်းမီတာနှင့် ညီမျှသည်) ရှိပါသည်။ မန်စီ စိုက်ပျိုးရေးလီမိတက်ကုမ္ပဏီ၏ ကော်ဖီထုတ်လုပ်ရေးစက်ရုံသည် အဆိုပါဧရိယာမှ ထွက်ရှိသော ကော်ဖီစေ့များအား အချောကိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ပါသည်။ ကော်ဖီစေ့၏အထွက်နှုန်း ရှေ့အဆင့်သို့ မြှင့်တင်ရန်နှင့် ကော်ဖီစေ့၏ အရည်အသွေး တည်ငြိမ်စေရန် ၎င်းကုမ္ပဏီသည် ၂၀၁၇ ခုနှစ်၌ ကော်ဖီစေ့အခြောက်ခံစက် ၄ လုံးကို တင်သွင်းတပ်ဆင်ခဲ့ပါသည်။

အဆိုပါစက်ရုံသည် အခြောက်ခံစက်များ အသုံးမပြုမီ ကျယ့်ဖန်လယ်ယာစိုက်ခင်းမှ ကော်ဖီစိုက်တောင်သူ ထောက်ဝေတုန်း သည် ကော်ဖီစက်ရုံ၏ ထုတ်လုပ်မှု နှေးကွေးမှုကြောင့် ကော်ဖီမှည့်ချိန် အမြဲ လွဲချော်ခဲ့ပါသည်။ “အရင်တုန်းက ကော်ဖီကို သုံးလေးရက်တစ်ကြိမ် လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီအခြောက်ခံစက်ကို တင်သွင်းပြီးနောက် ကော်ဖီစေ့ ဆွတ်ခူးတဲ့နေ့မှာ ချက်ချင်း လွှဲပြောင်းပေးနိုင်ပါတယ်။ ဆုံးရှုံးမှုကို လျော့နည်းစေပါတယ်”ဟု ထောက်ဝေတုန်းက ပြောပါသည်။ ရိုးရာကော်ဖီစေ့ထုတ်လုပ်နည်းမှာ ရာသီဥတုနှင့် အခြောက်ခံဝန်ထမ်းများကြောင့် မတည်ငြိမ်မှုများစွာ ရှိကြောင်း၊ စက်ရုံ၌ အခြောက်ခံခြင်းမှာ ၎င်းပြဿနာများကို ကောင်းမွန်စွာဖြေရှင်းပေးနိုင်ကြောင်း ထောက်ဝေတုန်းက ပြောကြားပါသည်။

အဆိုပါကော်ဖီထုတ်လုပ်ရေးစက်ရုံမှ တာဝန်ရှိသူ ဖိန်လီချွမ်၏ အမြင်အရ အခြောက်ခံစက်သည် လူအားဖြင့် ကော်ဖီစေ့ကို ကိုယ်တိုင်နေလှန်းခြင်းထက် အချိန်နှင့် လူ့အရင်းအမြစ်ကို လျော့နည်းစေပါသည်။ “အရင်တုန်းက ခြောက်ရက် ဒါမှမဟုတ် ခုနစ်ရက်ကြာ အချိန်ယူပြီး ကော်ဖီစေ့ကို ထုတ်လုပ်ရပါတယ်။ အခုဆိုရင် ၄၈ နာရီသာ လိုအပ်ပါတော့တယ်”ဟု ဖိန်လီချွမ်က ပြောပါသည်။ အခြောက်ခံစက်များသည် ကော်ဖီ၏ အရည်အသွေးကို တည်ငြိမ်စေရုံသာမကဘဲ အထွက်နှုန်းရော ဝင်ငွေကိုပါ တိုးမြှင့်ပေးနိုင်ကြောင်း သူက ရှင်းပြပါသည်။

(အရင်းအမြစ် - မန်စီမီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)