ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနားနှင့် ကမ္ဘာ့ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်း ပြောကြား

CRI, May 19, 2022
Size:

မေလ ၁၈ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် တရုတ်နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေးကောင်စီတည်ထောင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနားနှင့် ကမ္ဘာ့ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေး ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က ၁၉၅၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော တရုတ်နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (CCPIT) သည် တရုတ်နှင့်နိုင်ငံခြားကုမ္ပဏီများအကြား အကျိုးစီးပွားများအတွက် အကျိုးဆောင်ခြင်း၊ နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်မှုဖလှယ်ရေးတို့ကို မြှင့်တင်ခြင်း၊ နိုင်ငံအချင်းချင်း ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ခြင်းတို့တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ နှစ် ၇၀ ကြာ သမိုင်းကြောင်းသည် တရုတ်နိုင်ငံ၏ တံခါးဖွင့်ရေးကို စဉ်ဆက်မပြတ် တိုးချဲ့ခြင်း၏ အရေးပါသော ပေါ်လွင်မှုတစ်ခုဖြစ်သကဲ့သို့ နိုင်ငံအသီးသီးက ကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းများ အတူခံစားခြင်းနှင့် အပြန်အလှန် အကျိုးခံစားရေး ဖော်ဆောင်ခြင်း၏ အရေးကြီးသော သက်သေတစ်ခုလည်းဖြစ်ကြောင်း ပြောကြားပါသည်။