တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းပေးအပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရန်ကုန်သို့ ပို့ဆောင်ရောက်ရှိ

CRI, May 19, 2022
Size:

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းပေးအပ်သည့် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ ၁၀ သန်းထဲမှ ၅ သန်းသည် မေလ ၁၈ ရက်နေ့ နံနက်အစောပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ရောက်ရှိခဲ့ပြီး ယင်းလေယာဉ်နှင့်အတူ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကာကွယ်ဆေး ဆေးထိုးအပ် ၁.၉၈ သန်းလည်း ပို့ဆောင်ရောက်ရှိခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံသည် “ပြည်သူသည် အဓိက၊ အသက်သည် အဓိက” ဟူသောကပ်ရောဂါကာကွယ်ရေးအတွေးအခေါ်နှင့် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို လက်ကိုင်စွဲပြီး မြန်မာနိုင်ငံနှင့်အတူ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများ တက်တက်ကြွကြွ ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံထုတ်ကာကွယ်ဆေး စုစုပေါင်း ၄၆.၁၉ သန်း ထောက်ပံ့ပေးခဲ့ရာ မြန်မာနိုင်ငံမှ ရရှိသော ကာကွယ်ဆေး စုစုပေါင်းအရေအတွက်၏ ၆၅.၁% ရှိပါသည်။ ၎င်းအနက် ၁၆.၁ သန်းသည် လှူဒါန်းပေးအပ်ခြင်းဖြစ်ပြီး ၃၀.၀၉ သန်းသည် သက်သာသောဈေးနှုန်းဖြင့် မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ပြည်တွင်း၌ ကာကွယ်ဆေး ပုလင်းသွင်း ဖြည့်တင်းထုတ်လုပ်နိုင်ရန်လည်း ကူညီပေးခဲ့ရာ နှစ်ဦးနှစ်ဖက် ပူးပေါင်းထုတ်လုပ်သည့် Myancopharm ကာကွယ်ဆေးများကို စတင်ထိုးနှံပေးနေပြီ ဖြစ်သည်။ တရုတ်-မြန်မာ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို ထိရောက်စွာ ကူညီအားဖြည့်ပေးခဲ့ပြီး ကပ်ရောဂါကာကွယ်ရေး ရလဒ်များကို အားကောင်းစေကာ မြန်မာပြည်သူများ၏အသက်၊ ကျန်းမာရေး ဘေးကင်းလုံခြုံရေးအတွက် ခိုင်မာသောပံ့ပိုးကူညီမှုများ ထောက်ပံ့ပေးခဲ့ပါသည်။