တစ်ကမ္ဘာလုံး ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ထိပ်သီးအစည်းအဝေး ပီကင်းအဆိုပြုချက် ထုတ်ပြန်

CRI, May 19, 2022
Size:

မေလ ၁၈ ရက်နေ့က တရုတ်ကုန်သွယ်မှုမြှင့်တင်ရေးအသင်း ဖွဲ့စည်းတည်ထောင်သည့် နှစ် ၇၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ်အခမ်းအနားနှင့် တစ်ကမ္ဘာလုံး ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ထိပ်သီးအစည်းအဝေးကို ပီကင်းမြို့တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေး၏ ဆောင်ပုဒ်မှာ ကုန်သွယ်မှုမြှင့်တင်ရေးအင်အားကို စုစည်းပြီး တံခါးဖွင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ တွန်းအားပေးခြင်း ဖြစ်ပါသည်။ တရုတ်ကုန်သွယ်မှုမြှင့်တင်ရေးအသင်း၊ နိုင်ငံနှင့်ဒေသ ၅၉ ခုမှ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် လုပ်ငန်းကိုယ်စားလှယ်များသည် သေသေချာချာ ကူးလူးဖလှယ်ပြီး ပြည့်ပြည့်စုံစုံ ဆွေးနွေးပြီးနောက် သဘောတူညီမှုများရရှိကာ တစ်ကမ္ဘာလုံး ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ထိပ်သီးအစည်းအဝေး ပီကင်းအဆိုပြုချက်ကို အတည်ပြုခဲ့ပါသည်။ ၎င်းအဆိုပြုချက်အရ အစည်းအဝေးသို့ တက်ရောက်သော ဘက်အသီးသီးတို့သည် ကိုဗစ်-၁၉ ရောဂါစိန်ခေါ်မှုကို အတူတကွရင်ဆိုင်ရေး၊ ကမ္ဘာ့စီးပွားရေးခြေလှမ်းမှန်မှန်ဖြင့် နာလန်ပြန်ထူရန် တွန်းအားပေးရေးအပါအဝင် ဘက် ၅ ဘက်တွင် သဘောတူညီမှုများ ရရှိခဲ့ကြပါသည်။