BRI စီမံကိန်းများက ကပ်ရောဂါကာလတွင် လက်တွေ့အကျိုးဖြစ်ထွန်းရေးအတွက် အထောက်အကူဖြစ်ကြောင်း ကမ္ဘောဒီယား ပညာရှင် ပြောကြား

Yunnan Gateway, May 18, 2022
Size:

ရပ်ဝန်းနှင့်ပိုးလမ်းမ (BRI) ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများက ကိုဗစ်-၁၉ ကပ်ရောဂါကာလ ကမ္ဘောဒီးယားနိုင်ငံနှင့်ကမ္ဘာတစ်ဝှမ်းအတွက် လက်တွေ့အကျိုးဖော်ဆောင်မှု အထောက်အကူဖြစ်ကြောင်း ကမ္ဘောဒီးယားပညာရှင်က စနေနေ့တွင် ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ ယူနက်စကိုစာရင်းဝင် အန်ကောဝပ်ဘုရားကျောင်းမှ ကီလိုမီတာ ၄၀ ခန့်အကွာ Sotr Nikum ခရိုင်ရှိ တရုတ်ရင်းနှီးမြှုပ်နှံထားသော Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်အား ဧပြီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုကို လျော့နည်းစေရေးအတွက် BRI က အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု ဖနွမ်းပင်မြို့ BELTEI International University အကြီးတန်း ပါမောက္ခ Joseph Matthews က ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်းပင်မှ ရေနက်ဆိပ်ကမ်းပြည်နယ် Preah Sihanouk ပြည်နယ်သို့ ချိတ်ဆက်ထားသော ကီလိုမီတာ ၁၉၀ ရှိ အမြန်လမ်း Kampong Speu ပြည်နယ်လမ်းအပိုင်း အုတ်မြစ်ချပွဲအခမ်းအနားမြင်ကွင်းအား ၂၀၁၉ ခုနှစ် မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“BRI က ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ စည်ပင်သာယာရေးနဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်း နိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးကျယ်ပြန့်စေရန် မောင်းနှင်အားတစ်ခု ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

တရုတ်-လာအို လျှပ်စစ်ကျည်ဆန်ရထား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ယွမ်ကျန်းမြစ်ကူးတံတားကြီးမှ ဖြတ်သန်းမောင်းနှင်သွားသည်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 ရေအားလျှပ်စစ်စက်ရုံ၊ ဖနွမ်းပင်-ဆီဟာနုဗီးလ် အမြန်လမ်း၊ Siem Reap အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်၊ အမျိုးသားအားကစားကွင်း၊ ဆီဟာနုဗီးလ် အထူးစီးပွားရေးဇုန် စသည့် BRI စီမံကိန်းများက ကမ္ဘောဒီးယား စီးပွားရေးတိုးတက်မှုအတွက် ကြီးမားသော အထောက်အပံ့ဖြစ်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။

 “ဆီဟာနုဗီးလ်အထူးစီးပွားရေးဇုန်က နိုင်ငံရဲ့ပိုကုန်တိုးမြှင့်ရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှ ပါဝင်သလို ရေအားလျှပ်စစ်စီမံကိန်းက လျှပ်စစ်ဓာတ်အား တည်ငြိမ်စွာ ပံ့ပိုးရေးအတွက်ဖြစ်ပြီး ဒါက သာမန်ပြည်သူတွေရဲ့နေ့စဉ်နေထိုင်မှုဘဝနဲ့ စီးပွာရေးလည်ပတ်မှုအတွက် မဖြစ်မနေလိုအပ်ချက်ဖြစ်တယ် ”ဟု Matthews က ပြောကြားခဲ့သည်။

 BRI ရှိ ကားလမ်း၊ ရထားလမ်း၊ လေဆိပ်၊ ပင်လယ်ဆိပ်ကမ်း၊ ရေအားလျှပ်စစ်စက်ရုံနှင် အထူးစီးပွားရေးဇုန် သို့မဟုတ် စက်မှုဇုန်စသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးသည် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် လျော့နည်းစေခြင်း၊ စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ခြင်း၊ ကဏ္ဍအမျိုးမျိုးအရင်းအမြစ်များ ဖြစ်ထွန်းစေရေးအတွက် အလွန်အရေးကြီးကြောင်း ၎င်းက ဆိုသည်။

 အရှေ့တောင်အာရှနိုင်ငံများ ဖြစ်သည့် လာအို၊ ထိုင်း၊ အင်ဒိုနိးရှားနှင့် မလေးရှား စသည့်နိုင်ငံများတွင် BRI မှတစ်ဆင့် အကျိုးဖြစ်ထွန်မှုများရှိကြောင်း၊ တရုတ်-လာအို မြန်နှုန်းမြင့်ရထားလမ်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့နှင့် လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းမြို့ကို ချိတ်ဆက်ထားသော ရထားလမ်းသည် နှစ်နိုင်ငံအတွက်သာမက အခြားအရှေ့တောင်အာရှနိုင်ငံများအတွက်ပါ အကျိုးရှိစေကြောင်း Matthews က ဖြည့်စွက်ပြောကြားခဲ့သည်။

 “၂၀၁၃ ခုနှစ်တွင် BRI စတင်ကတည်းက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးရဲ့ မောင်းနှင်ရာ အင်ဂျင်သစ် ဖြစ်လာပါတယ်။ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး hard and soft infrastructure တည်ဆောက်မှု၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးအခွင့်အလမ်းများ၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့်ပြည်သူချင်းဆက်သွယ်ရေးကို မြှင့်တင်ရာတွင် အထူးအရေးပါခဲ့တယ်”ဟု ၎င်းက ဆိုသည်။

 တရုတ်နိုင်ငံက ကမ္ဘာတစ်ဝှမ်းတွင်ရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများကို ၎င်း၏အသိပညာ၊ နည်းပညာ၊ ပိုင်ဆိုင်မှုများကို အမြဲတမ်းမျှဝေပေးလေ့ရှိကြောင်း၊ ”အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ပံ့ပိုးတဲ့ BRI သည် ကမ္ဘာကို လူသားမျိုးနွယ်တို့၏ကံကြမ္မာတူအကျိုးတူအသိုက်အဝန်းအဖြစ် ချိတ်ဆက်ကာ တရုတ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များကို ကမ္ဘာနှင့်မျှဝေနေခြင်း ဖြစ်တယ်”ဟု Matthews က ပြောကြားခဲ့သည်။

 BRI သည် ပိုးလမ်းမစီးပွားရေးရပ်ဝန်းနှင့် ၂၁ ရာစု ပင်လယ်ရေကြောင်းပိုးလမ်းမကို ရည်ညွှန်းခြင်း ဖြစ်ပြီး ရှေးခေတ်ပိုးလမ်းမ ကုန်သွယ်ရေးလမ်းကြောင်းကို ကျော်လွန်ကာ အာရှတိုက်၊ ဥရောပတိုက်နှင့် အာဖရိကတိုက်၏ ကုန်သွယ်ရေးနှင့်အခြေခံအဆောက်အအုံကွန်ရက်ကို ချိတ်ဆက်ရန် ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံက အဆိုပြုခဲ့ခြင်း ဖြစ်သည်။ (Xinhua)