တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု ကြေညာကြောင်း မြန်မာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆို

CRI, May 12, 2022
Size:

ဒေသစံတော်ချိန် မေလ ၁၀ ရက်နေ့က မြန်မာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့တို့သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု ကြေညာပြီဖြစ်ကြောင်း၊ ယင်းဆုံးဖြတ်ချက်ကို နောက်ဆုံးပြုလုပ်သောအဖွဲ့သည် လားဟူ LDU အဖွဲ့ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု ယခင်က ကြေညာခဲ့သောအဖွဲ့များအနက် ပအိုဝ်း PNLOအဖွဲ့နှင့် မွန် NMSP အဖွဲ့ စသော ပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် လက်မှတ်ထိုးပြီးသား (၆) ဖွဲ့ ပါဝင်ကြောင်း၊ ပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် လက်မှတ် မထိုးရသေးသော UWSA “ဝ” အဖွဲ့၊ NDAA မိုင်းလားအဖွဲ့နှင့် SSPP (SSA) ရှမ်းအဖွဲ့ (၃) ဖွဲ့လည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။