၂၀၂၂ ခုနှစ် လန်ချန်း-မဲခေါင်မြစ်ဝှမ်း ဗုဒ္ဓဘာသာဆိုင်ရာကူးလူးဖလှယ်ရေးအစည်းအဝေး ကျင်းပ

CRI, May 8, 2022
Size:

မေလ ၇ ရက်နေ့တွင် တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအသင်းသည် ၂၀၂၂ ခုနှစ် လန်ချန်း-မဲခေါင်မြစ်ဝှမ်း ဗုဒ္ဓဘာသာဆိုင်ရာ ကူးလူးဖလှယ်ရေးအစည်းအဝေးကို ဗီဒီယိုအသွင်ပုံစံဖြင့် ဦးစီးကျင်းပခဲ့ပြီး ထိုင်း၊ မြန်မာ၊ ဗီယက်နမ်စသည့်နိုင်ငံများက ဗုဒ္ဓဘာသာနယ်ပယ်မှ ကိုယ်စားလှယ် ၃၀ နီးပါးသည် အွန်လိုင်းကနေတစ်ဆင့် တက်ရောက်ခဲ့ကြပါသည်။

တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌ ဘုန်းတော်ကြီး ယန်ကျွေးက မိန့်ခွန်းပြောကြားရာတွင် လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသရှိနိုင်ငံအသီးသီးမှ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းသည် လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသရှိ နိုင်ငံများနှင့် ပြည်သူများကြား အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အပြန်အလှန်ကျိုးရှိစေရေး၊ အနာဂတ်သို့ အတူ ရှေးရှုချီတက်ရေးတို့ကို တွန်းအားပေးရန် အကျိုးပြုစွမ်းဆောင်သင့်ကြောင်း၊ မတူညီသောဘာသာများကြား အပြန်အလှန်ဆွေးနွေးမှုနှင့် အရှေ့တိုင်းနှင့် အနောက်တိုင်းယဉ်ကျေးမှုများအကြား အပြန်အလှန် နည်းယူလေ့လာရေးကို တွန်းအားပေးခြင်းဖြင့် လူသားကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးအတွက် အကျိုးပြုစွမ်းဆောင်သင့်ကြောင်း ပြောကြားခဲ့ပါသည်။