မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

CRI, May 7, 2022
Size:

ဒေသစံတော်ချိန် မေလ ၆ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာပြဿနာဆိုင်ရာ အာဆီယံအထူးသံတမန်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းနှင့် အာဆီယံအတွင်းရေးမှူးချုပ် Lim Jock Hoi တို့သည် ဖနွမ်းပင်၌  မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲကို ဦးစီးကျင်းပခဲ့ပါသည်။

ထိုဆွေးနွေးပွဲသည် မည်သူကိုမှ မကျန်ရစ်စေရေးမူကို မူတည်ပြီး လူသားချင်းစာနာထောက်ထားမှုများကို အားဖြည့်ဆောင်ရွက်ရန် ဆွေးနွေးခြင်းဖြင့် အာဆီယံ ဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ လူသားချင်းစာနာထောက်ထားမှု ကယ်ဆယ်ခြင်း ညှိနှိုင်းရေးစင်တာက ကြုံတွေ့နေရသည့် ပြဿနာများနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးမျှဝေဖြန့်ဖြူးရေးကိစ္စကို ဖြေရှင်းရန် ရည်ရွယ်ထားသည်။