မြန်မာပြဿနာဆိုင်ရာ အာဆီယံအထူးသံတမန်သည် မကြာမီတွင် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် အလည်အပတ်သွားမည်

CRI, May 7, 2022
Size:

ဒေသစံတော်ချိန် မေလ ၆ ရက်နေ့ ညနေပိုင်းတွင် မြန်မာပြဿနာဆိုင်ရာအာဆီယံအထူးသံတမန်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းသည် သတင်းစာရှင်းလင်းပွဲကို ကျင်းပရာတွင် ထိုနေ့နံနက်ပိုင်းက ကျင်းပသော မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှုညှိနှိုင်းဆွေးနွေးပွဲမှ ရရှိသော အောင်ကျိုးရလဒ်များကို မိတ်ဆက်ပါသည်။

ပရက်ဆော့ခွန်းက မိမိသည် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကို ကျင်းပပြီးသည့် နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် အလည်အပတ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပရက်ဆော့ခွန်း၏ပြောကြားချက်အရ အဆိုပါညှိနှိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ ပြည်သူများအားလုံးအတွက် လူသားချင်းစာနာထောက်ထားမှုပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း၌ အရေးပါသောရလဒ်များကို ရရှိခဲ့ကြောင်း သိရသည်။