ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းငယ် မြန်မာနိုင်ငံသို့ သက်ရောက်နိုင်

CRI, May 6, 2022
Size:

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ၎င်းနှင့်ဆက်စပ်နေသည့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းများတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေသည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ၆ ရက်နေ့က သတင်းအရ သိရပါသည်။ ထိုလေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် (၄၈) နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ အားကောင်းလာနိုင်ကြောင်း ခန့်မှန်းထာသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

မုန်တိုင်းငယ်၏အခြေအနေကို မေလ ၉ ရက်နေ့ဝန်းကျင်တွင် အတိအကျသိရမည်ဟု မိုးလေဝသစောင့်ကြည့်ပညာရှင်များက ဆိုကြပြီး မြန်မာနိုင်ငံအနှံ့တွင် နေရာကျဲကျဲနှင့် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမှုများ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဟု သိရပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်အရ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် နောက် ၂၄ နာရီအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဟု ဆိုပါသည်။

ဖြစ်ပေါ်လာနိုင်ခြေရှိသည့် မုန်တိုင်းအရှိန်ကြောင့် မကွေးတိုင်းနှင့် ရခိုင်ရိုးမပေါ်တွင် မိုးကြီးနိုင်ပြီး မကွေးတိုင်းအနောက်ပိုင်း ဧရာဝတီမြစ်အတွင်း စီးဝင်သောမြစ်ချောင်းများမှာ စိုက်ပျိုးထားသောသီးနှံများ ပျက်စီးနိုင်ခြင်းကြောင့်  မေလ ၉ ရက်နေ့မတိုင်မီ အပြီးရိတ်သိမ်းပြီး လုံခြုံသည့်အမိုးအကာအောက်ကို ရောက်ရှိအောင် လုပ်ဆောင်ထားရန် မိုးလေဝသပညာရှင်တစ်ဦးဖြစ်သည့်ဒေါ်စုစုစံက အကြံပြုထားပါသည်။