တရုတ်-လာအိုရထားလမ်း နယ်စပ်ဂိတ် အမြန်ဖြတ်ကျော်စနစ် ကျင့်သုံးသည့်ငါးလအတွင်း နိုင်ငံတကာ ကုန်စည်ပို့ဆောင်မှု စုစုပေါင်းတန်ဖိုးသည် ယွမ် ၅ ဘီလီယံကျော်ရှိ

CRI, May 4, 2022
Size:

မေလ ၃ ရက်နေ့က တရုတ်-လာအိုရထားလမ်းတွင် ပလောပီနံမှုန့် တန် ၅၀၀ သယ်ဆောင်ထားသော ကုန်သေတ္တာ ၂၅ ခု တင်ဆောင်သည့် နိုင်ငံတကာ ကုန်တင်ရထားတစ်စင်းသည် တရုတ်နိုင်ငံ ကူမင်းမြို့ အကောက်ခွန်ဌာန၏ကြပ်မတ်မှုအောက်တွင် ယူနန်ပြည်နယ် မိုးကန့်ဂိတ်မှ ထွက်ခွာပြီး စီချွမ်းပြည်နယ်သို့ ပြေးဆွဲသွားခဲ့သည်။ ယင်းသည် တရုတ်-လာအိုရထားလမ်းတွင် နယ်စပ်ဂိတ် အမြန်ဖြတ်ကျော်စနစ် ကျင့်သုံးခဲ့သည့်နောက်ပိုင်း ပထမဆုံး ဖြတ်ကျော်ပြေးဆွဲခဲ့သော နိုင်ငံတကာ ကုန်တင်ရထားပင် ဖြစ်သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က တရုတ်-လာအို ရထားလမ်း စတင်ပြေးဆွဲခဲ့ခြင်းမှ ယနေ့အထိ ငါးလကြာကာလအတွင်း ကူမင်းအကောက်ခွန်ဌာနမှ ကြပ်မတ်မှုဖြင့် တရုတ်-လာအိုရထားလမ်းမှ နိုင်ငံတကာကုန်တင်ရထား ၈၈၂ စင်း ဖြတ်ကျော်ပြေးဆွဲခဲ့ပြီ ဖြစ်ပြီး ကုန်စည်ပို့ဆောင်မှု စုစုပေါင်းတန်ဖိုးသည် ယွမ် ၅.၀၄၃ ဘီလီယံ ရှိသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ရထားလမ်း နယ်စပ်ဂိတ် အမြန်ဖြတ်ကျော်စနစ်သည် တရုတ်အကောက်ခွန်ဌာနချုပ်က ပြည်တွင်းပိုင်း ရထားသွင်းကုန်ပို့ကုန်များ နယ်စပ်ဖြတ်ကျော်မှု အဆင်ပြေစေရန်အတွက် ကုန်သေတ္တာတင်ရထားများကို ရည်ညွှန်းသော ဆန်းသစ်သည့်ကြပ်မတ်ရေးစနစ် ဖြစ်ပါသည်။