တရုတ်-လာအို မီးရထားလမ်း ကုန်းလမ်း-မီးရထားပူးတွဲသယ်ယူပို့ဆောင်ရေး အအေးကွင်းဆက်ဖြင့် ပထမဆုံးအကြိမ် ပို့ဆောင်

Yunnan Gateway, April 29, 2022
Size:

ဧပြီလ ၂၈ ရက်နေ့တွင် တရုတ်-လာအိုမီးရထားလမ်း ကုန်းလမ်း-မီးရထားပူးတွဲသယ်ယူပို့ဆောင်ရေး (ထိုင်း-လာအို-တရုတ်) အအေးကွင်းဆက်ကွန်တိန်နာသည် တရုတ်နိုင်ငံ မော်ဟန်းနယ်စပ်ဂိတ်မှ ထွက်ခွာပြီး ယူနန်ပြည်နယ်အထိ ပို့ဆောင်ခဲ့သည်။ ထို့နောက် ကွမ်ကျိုး၊ ချုံချင့်၊ ရှန်ဟိုင်းစသည့်မြို့ပြများသို့ ဖြန့်ဝေခဲ့သည်။ ယခုအကြိမ်ပို့ဆောင်ရေးသည် တရုတ်-လာအို မီးရထားလမ်း ဖွင့်လှစ်ပြေးဆွဲပြီးနောက် ပထမဆုံးအကြိမ် ကုန်းလမ်း-မီးရထားပူးတွဲပြီး အအေးကွင်းဆက်ကွန်တိန်နာဖြင့် လတ်ဆတ်သော သစ်သီးများ သယ်ယူပို့ဆောင်ခြင်း ဖြစ်သည်။

China Railway Container Transport ကုမ္ပဏီလီမိတက်၏ ကူမင်းကုမ္ပဏီခွဲမှ အထွေထွေမန်နေဂျာ Yang Julin ၏ မိတ်ဆက်ခြင်းအရ၊ ယခုအကြိမ်ပို့ဆောင်သည်မှာ ထိုင်းနိုင်ငံမှ ဒူးရင်းသီး စုစုပေါင်း တန် ၅၁၀ ရှိပြီး ၇ ရက်အတွင်း ကူမင်းကိုရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့သော ပို့ဆောင်ရေးနည်းလမ်းသည် ပို့ဆောင်ချိန်ကိုလျှော့ချနိုင်သကဲ့သို့ ကုန်ကျစရိတ်ကိုလည်း ကုန်းလမ်း-ပင်လယ် ပို့ဆောင်ရေး နှင့် ကုန်းလမ်းပို့ဆောင်ရေးထက် ပိုမို သက်သာစေခဲ့သည်။

(အရင်းအမြစ် - Xinhua, ဘာသာပြန် - Yunnan gateway)