မြန်မာနိုင်ငံရေးပါတီ (၂၃) ပါတီတို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲကို ထောက်ခံကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်

CRI, April 27, 2022
Size:

ဒေသစံတော်ချိန် ဧပြီလ ၂၆ ရက်နေ့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင်အမျိုးသားအင်အားစုပါတီ၊ ပြည်သူ့ပါတီအပါအဝင် မြန်မာနိုင်ငံရေးပါတီ (၂၃) ပါတီတို့သည် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များထံသို့ ပေးပို့သော ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲဖိတ်ကြားချက်ကို ထောက်ခံကြောင်း ဖော်ပြခဲ့ပါသည်။


ဧပြီလ ၂၂ ရက်နေ့က မြန်မာနိုင်ငံ အိမ်စောင့်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုပ်သံမိန့်ခွန်းကို ပြောကြားခဲ့ရာ၊ မြန်မာနိုင်ငံရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များထံသို့ ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲ ဖိတ်ကြားချက်ကို ပေးပို့ခဲ့ပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော်၊ ကရင်အမျိုးသားလက်နက်ကိုင်အဖွဲ့စသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ယခုအထိ ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲ ကျင်းပရန် အခြေအနေ မပြည့်စုံသေးဟု ဖော်ပြကြောင်း သတင်းရရှိပါသည်။