ယူနန်ပြည်နယ် ရွှေလီမြို့သည် တရုတ်-မြန်မာနယ်စပ်ဂိတ်ဝန်ဆောင်မှု ပုံမှန်ပြန်ဖြစ်ရေး အရှိန်အဟုန်ဖြင့် မြှင့်တင်လျက်ရှိ

Yunnan Gateway, April 27, 2022
Size:

ဧပြီလ ၂၆ ရက်နေ့က ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ညွှန်ကြားမှုဌာနမှ သတင်းအရ ဧပြီလ ၂၅ ရက်နေ့တွင် ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ ကိုဗစ်-၁၉ ကပ်ရောဂါအတည်ပြုလူနာ နောက်ဆုံးနှစ်ဦးသည် ရွှေလီမြို့တွင် ဆေးကုသမှု ခံယူပြီးနောက် သက်သာလာကာ ဆေးရုံမှ ဆင်းခွင့်ရရှိပြီဖြစ်ကြောင်း၊ ဧပြီလ ၂၅ ရက်နေ့အထိ ယခု ကပ်ရောဂါဖြစ်ပွားမှုအတွင်း တယ်ဟုန်ပြည်နယ်ခွဲသည် ကိုဗစ်-၁၉ ကပ်ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၅၄၇ ဦးအား ဆေးကုသပြီး ၎င်းလူနာများအားလုံးတို့သည် ကျန်းမာရေးကောင်းမွန်ကာ ဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်ကြောင်း သိရပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် စီးပွားရေးလူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှု ဘက်စုံစီမံရေး ဖော်ဆောင်ရန် ရွှေလီမြို့သည် လက်ရှိအချိန်တွင် လုပ်ငန်း ပြန်လည်စတင်ခြင်းအား စနစ်တကျ တွန်းအားပေးခြင်း၊ တရုတ်-မြန်မာနယ်စပ်ဂိတ် ဝန်ဆောင်မှု ပုံမှန်ပြန်ဖြစ်ရေး အရှိန်အဟုန်ဖြင့် မြှင့်တင်ခြင်းစသည်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါသည်။

လက်ရှိတွင် ဝမ်တိန်နယ်စပ်ဂိတ် မန်မိုင်လမ်းကြောင်း ပြန်လည်ဖွင့်လှစ်ပြီးနောက် ပြည်ဝင်ပြည်ထွက်မော်တော်ယာဥ်၏စုစုပေါင်းအစီးရေမှာ ၁၁၉၆၄ စီးရှိပြီး ကုန်စည်သယ်ယူပို့ဆောင်မှုပမာဏမှာ ၂၈၇၇၈၆ တန်၊ ကုန်စည်တန်ဖိုးမှာ တရုတ်ယွမ် ၁.၉၀၈ ဘီလီယံရှိပါသည်။ ရွှေလီနယ်စပ်ဂိတ်ပေါက် ကျယ်ခေါင်ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းနှင့် နုံးတောင် (ပင့်မောက်) ၊ လေယူလမ်းကြောင်းစသည်များတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကွင်းပိတ်လည်ပတ်ဇုန်များ ဆောက်လုပ်ခြင်းအား ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ ၎င်းတို့အနက်၊ လေယူလမ်းကြောင်းမှတစ်ဆင့် နိုင်ငံရပ်ခြားမှ ကြံတင်သွင်းမှု ပုံမှန်ပြန်ဖြစ်နေပြီဖြစ်ပါသည်။