တရုတ်-မြန်မာနိုင်ငံတကာလမ်းကြောင်းကြီး၏ အဓိကအစိတ်အပိုင်းဖြစ်သော တာလီ-ရွှေလီရထားလမ်း၏ ပေါင်တွမ်းလမ်းပိုင်းတည်ဆောက်မှု ကြီးမားသည့်တိုးတက်မှု ရရှိ

Yunnan Gateway, April 25, 2022
Size:

ဧပြီလ ၁၉ ရက်တွင် တရုတ်-မြန်မာ နိုင်ငံတကာလမ်းကြောင်းကြီး၏ အဓိကအစိတ်အပိုင်းဖြစ်သော ယူနန်ပြည်နယ် တာလီ-ရွှေလီရထားလမ်း၏ ပေါင်တွမ်းလမ်းပိုင်းတည်ဆောက်မှုသည် ကြီးမားသည့်တိုးတက်မှုရရှိခဲ့ကာ ပေါင်စန်းလိုဏ်ခေါင်းအား ဘေးကင်းစွာ ဖောက်လုပ်ပြီးစီးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ဧပြီ ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် တာလီ-ရွှေလီရထားလမ်းတစ်လျှောက်ရှိလိုဏ်ခေါင်း ၄၄ ခုအနက် လိုဏ်ခေါင်း ၂ ခုသာ ကျန်ရှိပြီး ၁၀ ကီလိုမီတာနှင့်အထက် လိုဏ်ခေါင်းတစ်ခုသာကျန်ရှိတော့ကြောင်းနှင့် ရထားလမ်းကြောင်းတစ်ခုလုံးအား အချိန်မီတည်ဆောက်ပြီးစီးနိုင်ရေးအတွက် ခိုင်မာသည့်အခြေခံအုတ်မြစ်ချပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)