စက်သုံးဆီ အရောင်းဆိုင်များက ကားများကို ခွဲတမ်းဖြင့် ဆီရောင်းချပေးခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “စက်သုံးဆီချို့တဲ့မှု” ဆိုသောကောလာဟလများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား

CRI, April 20, 2022
Size:

ဒေသစံတော်ချိန် ဧပြီလ ၁၉ ရက်နေ့က ရန်ကုန်၊ မန္တလေး၊ မူဆယ်စသည့်ဒေသများ၌ စက်သုံးဆီအရောင်းဆိုင်များက ကားများကို ခွဲတမ်းဖြင့် ဆီရောင်းချပေးနေသည်။ အချို့ဆီဆိုင်များက ကားတစ်စီးလျှင် ဆီ ၅ သောင်းဖိုး၊ အချို့ဆီဆိုင်များက ကားတစ်စီးလျှင် ဆီ ၂ သောင်းဖိုးဖြင့် သတ်မှတ်ထားခြင်းကြောင့် ဒေသအရပ်ရပ်မှ ဆီဆိုင်များရှေ့တွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ ဝယ်ယူရန် စောင်းဆိုင်းနေသော ယာဉ်တန်းကြီးများ ရှည်လျားလွန်းပြီး အချို့ကားမောင်းသူသည် ဆီဖြည့်ဖို့ ၁ နာရီ၊ ၂ နာရီကြာ တန်းစီပြီးမှ ဆီဖြည့်နိုင်သည်။ အချို့ဆီဆိုင်များကတော့ ယာယီပိတ်မည်ကို ကြေညာလိုက်သည်။

ထိုနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “စက်သုံးဆီချို့တဲ့မှု”ဆိုသော ကောလာဟလများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် ဓာတ်ဆီဂါလန် သန်းပေါင်း ၇၀ ရှိပြီး သဘာဝဓာတ်ငွေ့ ဂါလန်ပေါင်း ၄၅ သန်းရှိကြောင်း၊ သင်္ကြန်ပွဲတော်ကြောင့် ခုချိန်အထိ ရောက်မလာသေးသော ဆီတင်သင်္ဘောနှစ်စင်းလည်း မကြာမီကာလအတွင်း ဆိပ်ကမ်းသို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ အိမ်စောင့်အစိုးရ၏ သက်ဆိုင်ရာဌာနများသည် စက်သုံးဆီ အမြန်ဆုံး ပုံမှန်ရရှိနိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။