တရုတ်-လာအိုမီးရထားလမ်း လာအိုအပိုင်းတွင် ပထမဆုံး သာမန်အမြန်နှုန်းခရီးသည်တင်မီးရထားတွဲ စတင်ပြေးဆွဲ

Yunnan Gateway, April 20, 2022
Size:

ယခုရက်ပိုင်းတွင် တစ်နာရီ ၁၂၀ ကီလိုမီတာအမြန်နှုန်းဖြင့် ပြေးဆွဲသောခရီးသည်တင် မီးရထားတွဲသည် တရုတ်-လာအိုမီးရထားလမ်း လာအိုဗီယင်ကျန်းမှ မော်တင်းအပိုင်းတွင် စတင်ပြေးဆွဲခဲ့သည်။ ထို့အတူ လာအို ဗီယင်ကျန်း-လွမ်ပရာဘွမ်၊ ဗီယင်ကျန်း-မွန်စိုက် မြန်နှုန်းမြင့်ရထား ၂ စီး ထပ်မံအသစ်တိုး ပြေးဆွဲခဲ့သည်။ ယခုအချိန်ထိ တရုတ်-လာအိုမီးရထားလမ်း လာအိုအပိုင်းတွင် နေ့စဥ်နေ့တိုင်း မြန်နှုန်းမြင့်ရထား ၈ စီး၊ သာမန်ရထား ၂ စီး ပြေးဆွဲနေပြီး ခရီးစဉ်တစ်လျှောက် ပြည်သူပြည်သားများ၏ခရီးသွားလာရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးအား ပိုမိုအဆင်ပြေလျက်ရှိကြောင်း သတင်းအရ သိရပါသည်။



(အရင်းအမြစ် - ယူနန် သတင်းပြန်ကြားရေးကွန်ရက်၊ ဘာသာပြန် - Yunnan gateway, ပုံ၊ Li Huan)