မြန်မာနိုင်ငံ ရွှေကျင် ၄၀ မီဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်း စတင်

Yunnan Gateway, April 18, 2022
Size:

ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံ ရွှေကျင် ၄၀ မီဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်း စတင်ခြင်းအခမ်းအနားကို ပဲခူးတိုင်းဒေသကြီးတွင် ကျင်းပခဲ့ကြောင်း သတင်းအရ သိရပါသည်။

ရွှေကျင်စီမံကိန်းသည် တရုတ်နိုင်ငံ Power Construction Corporation (Power China) အုပ်စုက မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံသော ပထမဆုံး အကြီးစား မြေပြင်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစီမံကိန်းဖြစ်ပြီး စက်တပ်ဆင်မှုစွမ်းအားသည် ၄၀ မီဂါဝပ်ဖြစ်ကာ စီမံကိန်းပြီးစီးပါက မြန်မာနိုင်ငံတော်ဓာတ်အားလိုင်းစနစ်သို့ ပို့လွှတ်လျက်ရှိသည့် မဟာဓာတ်အားလိုင်းနှင့် တိုက်ရိုက်ချိတ်ဆက်မည်ဖြစ်ပြီး ရွှေကျင်ဒေသအတွက်လည်းကောင်း၊ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတွက်လည်းကောင်း လျှပ်စစ်ဓတ်အား ချို့တဲ့သောအခြေအနေကို တိုးတက်ကောင်းမွန်စေမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

(ပုံ၊ မြေပြင်ပေါ်ရှိ နေရောင်ခြည်စွမ်းအင်ကို တွေ့နေစဥ်)

အရင်းအမြစ် - chinapower ၊ ဘာသာပြန် - Yunnan gateway)