နှစ်နှစ်ကြာပြီးနောက် မြန်မာနိုင်ငံ၌ ရုပ်ရှင်ရုံများကို ပြန်လည်ဖွင့်လှစ်

Yunnan Gateway, April 18, 2022
Size:

ဧပြီလ ၁၇ ရက်နေ့သည် မြန်မာ့ရိုးရာပြက္ခဒိန်အရ နှစ်သစ်ကူး ပထမနေ့ ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့ခြင်းကြောင့် နှစ်နှစ်ကျော်ကြာပိတ်ထားရသော မြန်မာ့ရုပ်ရှင်ရုံများကို ၁၇ ရက်နေ့ကစပြီး ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။

၁၇ ရက်နေ့တွင် မြန်မာနိုင်ငံရှိ ရုပ်ရှင်ရုံ (၆၀) ကျော် ပြန်လည်ဖွင့်လှစ်ခွင့် ရရှိခဲ့ကြောင်း၊ ယင်းသည် ၂၀၂၀ ပြည့်နှစ် မတ်လက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့ခြင်းကြောင့် ပိတ်လိုက်ရပြီးနောက် နှစ်နှစ်ကျော်ကြာပြီးမှ ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ မြန်မာရုပ်ရှင်ဇာတ်ကား (၆) ကားကို ရုပ်ရှင်ရုံများတွင် ပြသနေသောကြောင့် ရုပ်ရှင်ကား ဝါသနာရှင်များအတွက် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်စေကြောင်း China Media Group မှ သတင်းအရ သိရပါသည်။