တယ်ဟုန်ပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံမူဆယ်ဒေသတို့ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းဆိုင်ရာ ဗီဒီယိုတွေ့ဆုံပွဲ ကျင်းပ

Yunnan Gateway, April 12, 2022
Size:

ဧပြီလ ၈ ရက်နေ့တွင် ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံ မူဆယ်ဒေသတို့သည် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်း ဆိုင်ရာ ဗီဒီယိုတွေ့ဆုံပွဲ ကျင်းပခဲ့ပါသည်။ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းဆိုင်ရာ ဟော့လိုင်းအား ဆက်လက် အကျိုးသက်ရောက်စေခြင်း၊ နယ်စပ်ဖြတ်ကျော်သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အရေးပေါ်ကိစ္စ အတူ ဖြေရှင်းခြင်း၊ လုပ်ငန်းဆိုင်ရာတွေ့ဆုံပွဲကျင်းပခြင်းနှင့် အပြန်အလှန် လေ့လာအတုယူခြင်း စသည့် ကဏ္ဍများအား ဗဟိုပြုကာ နှစ်ဦးနှစ်ဖက်မှ တာဝန်ရှိသူများက အွန်လိုင်းမှတစ်ဆင့် အချင်းချင်း ဆွေးနွေးခဲ့ကြပါသည်။

“သဘာဝပတ်ဝန်းကျင်ရဲ့ ကောင်းမွန်မှုဟာ တရုတ်-မြန်မာ နယ်စပ်ဒေသ ပြည်သူပြည်သားတို့ရဲ့ ကျန်းမာရေးနဲ့ တိုက်ရိုက်ဆက်စပ်လျက်ရှိပါတယ်”ဟု တယ်ဟုန်ပြည်နယ်ခွဲ သဘာဝပတ်ဝန်းကျင် ညွှန်ကြားရေးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူက ပြောကြားပါသည်။ သဘာဝပတ်ဝန်းကျင် ကောင်းမွန်စွာ ထိန်းသိမ်းကာကွယ်သည်မှာ ကျွန်တော်တို့ တူညီသော တာဝန်ဖြစ်ပြီး ထိရောက်စွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သူက ဆက်လက် ပြောပြပါသည်။

“ယခုရက်ပိုင်းမှာ ကျွန်တော်တို့ သက်ဆိုင်ရာ ဌာနတွေကို ဖွဲ့စည်းပြီး လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ၊ အွန်လိုင်းက ထုတ်ဝေတာ၊ မျက်နှာချင်းဆိုင် မိတ်ဆက်တာအစရှိတဲ့ နည်းလမ်းတွေကတစ်ဆင့် ပတ်ဝန်းကျင်ကာကွယ်ရေး ဥပဒေများနှင့် မူဝါဒများကို ဘက်ပေါင်းစုံကနေ လူသိရှင်ကြား မိတ်ဆက်လိုက်ပါတယ်”ဟု မြန်မာဘက်မှ တာဝန်ရှိသူက ပြောပြပါသည်။ ကျွန်တော်တို့သည် တရုတ်နိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲနှင့် နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်ကာ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသမှ ပြည်သူပြည်သားတို့၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ စဉ်ဆက်မပြတ် တိုးမြှင့်စေမည်ဖြစ်ကြောင်း သူက ဆက်လက်ပြောပြပါသည်။

ယခုရက်ပိုင်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ စီးပွားရေးနှင့်လူမှုအဖွဲ့အစည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာတာဝန် ပို၍ ကျေပွန်လာပါသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ထိရောက်စွာ အားကောင်းစေရန်အတွက် တယ်ဟုန်ပြည်နယ်ခွဲ သဘာဝပတ်ဝန်းကျင် ညွှန်ကြားရေးဌာနသည် မြန်မာနိုင်ငံ မူဆယ်ဒေသနှင့် ပုံမှန် အစည်းအဝေးနှင့် အရေးပေါ် ဆက်သွယ်ရေး ယန္တရားတစ်ရပ်ကို ထူထောင်ခဲ့ကြပါသည်။


( အရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ သဘာဝပတ်ဝန်းကျင် ညွှန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)