တရုတ်-မြန်မာ ကိုယ်ပိုင်မီဒီယာ ဗီဒီယိုတို ပြုလုပ်ဖန်တီးမှု နှီးနှောဖလှယ်ပွဲကို အွန်လိုင်းမှ ကျင်းပ

CRI, April 9, 2022
Size:

China Media Group (CMG) မှ ကြီးမှူးကျင်းပသည့် တရုတ်-မြန်မာ ကိုယ်ပိုင်မီဒီယာ ဗီဒီယိုတို ပြုလုပ်ဖန်တီးမှု နှီးနှောဖလှယ်ပွဲကို ဧပြီလ ၈ ရက်နေ့တွင် အွန်လိုင်းမှ ကျင်းပပါသည်။ CMG မြန်မာဘာသာစကားပြောသတင်းထောက်၊ မြန်မာနိုင်ငံမှ အထင်ကရ ရုပ်မြင်သံကြားမီဒီယာသမားများ၊ မြန်မာနိုင်ငံ ကိုယ်ပိုင်မီဒီယာထုတ်လုပ်ရေးအဖွဲ့တို့အတူ တက်ရောက်သူဦးရေ ၅၀၀ ကျော်သည် New media ခေတ် လူမှုကွန်ရက် ဗီဒီယိုအစီအစဉ်များ ထုတ်လုပ်မှုနှင့်ပတ်သက်၍ အွန်လိုင်းတွင် နှီးနှောဖလှယ်ကြသည်။

နှီးနှောဖလှယ်စဉ်အတွင်း မြန်မာနိုင်ငံအခြေစိုက် CMG သတင်းထောက်မှ CMG ၏ New media ကော်လံဖြစ်သော “တရုတ်-မြန်မာ ယဉ်ကျေးမှုခရီးသွားနှစ်” ၏ အရည်အသွေးမြင့် ဗီဒီယိုတိုများကို မျှဝေပြီး အစီအစဉ် ရေးဆွဲခြင်း၊ ရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်းစသည့် ထုတ်လုပ်မှုအတွေ့အကြုံများကို မျှဝေသည်။ “တရုတ်-မြန်မာ ယဉ်ကျေးမှုခရီးသွားနှစ်” ကော်လံသည် စတင်ထုတ်လွှင့်သည့် နှစ်နှစ်တာအတွင်း ဗီဒီယိုတိုအစီအစဉ်အပိုင်း ၁၆၀ ကျော် ထုတ်လွှင့်ခဲ့ပြီး အပိုင်းတစ်ပိုင်းလျှင် ပျမ်းမျှကြည့်ရှုနှုန်း ၁ သိန်းကျော်ရှိကာ မြန်မာအွန်လိုင်းပရိသတ်အများအပြား၏ကြိုက်နှစ်သက်မှုကို ရရှိခဲ့ရာ တရုတ်-မြန်မာပြည်သူများအကြား နားလည်မှုနှင့် နှီးနှောဖလှယ်မှုကို တိုးပွားစေခဲ့သည်။

အဆိုပါနှီးနှောဖလှယ်ပွဲကို တက်ရောက်ကြသည့် နှစ်နိုင်ငံမှ ဖန်တီးသူများက တရုတ်-မြန်မာနှစ်နိုင်ငံသည် နယ်နိမိတ်ချင်း ထိစပ်နေပြီး ယဉ်ကျေးမှုချင်း ယှက်နွယ်နေကြောင်း၊ နှစ်နိုင်ငံ၏ New media ပလက်ဖောင်းနှင့် အသုံးပြုမှုအလေ့အထတို့ အနည်းငယ်ကွဲပြားသော်လည်း ဗီဒီယိုတိုများသည် နှစ်နိုင်ငံလူငယ်များအကြား အပြန်အလှန်နားလည်မှု ရရှိစေသည့် အရေးပါလမ်းကြောင်းနှင့် နှီးနှောဖလှယ်မှုပုံစံ ဖြစ်ကြောင်း၊ တရုတ်ယဉ်ကျေးမှုဗီဒီယိုတိုအချို့သည် မြန်မာနိုင်ငံ လူမှုကွန်ရက်မီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့ပြီး ခံစားချက်များ ကျယ်ကျယ်ပြန့်ပြန့် တူညီခဲ့ရာ နှစ်နိုင်ငံ ယဉ်ကျေးမှု၊ လူမှုရေး၊ သိပ္ပံနည်းပညာ၊ စီးပွားရေး စသည့် နယ်ပယ်များစွာ၌ နားလည်မှုနှင့် တိုးတက်မှုများ နက်ရှိုင်းလာစေရန် အားဖြည့်ပေးကြောင်း ပြောကြားပါသည်။