မတ်လတွင် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုပမာဏ သိသိသာသာ မြင့်တက်လာ

CRI, April 8, 2022
Size:

ယခုနှစ် မတ်လတွင် ထိုင်းနိုင်ငံက ဆန်တန်ချိန် ၇ သိန်း တင်ပို့ခဲ့ပြီး တင်ပို့မှုပမာဏ သိသိသာသာ တိုးမြင့်လာကြောင်း ထိုင်းနိုင်ငံ ဆန်တင်ပို့သူများအသင်းမှ မကြာမီက ထုတ်ပြန်ခဲ့သည်။ အဓိကအကြောင်းရင်းမှာ ရုရှားနှင့် ယူကရိန်းတို့အကြား အခြေအနေတင်းမာမှုကြောင့် ပြောင်း၊ဂျုံ အစေ့အဆန်များ ဖြန့်ဖြူးမှု တင်းကျပ်လာခြင်းကြောင့် ဖြစ်သည်။ ပြည်တွင်းဖြန့်ဖြူးမှု အာမခံပေးရန်အတွက် အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် အာရှနိုင်ငံများသည် ထိုင်းနိုင်ငံမှ ဆန်တင်သွင်းမှု တိုးလာခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ထိုင်းနိုင်ငံက ဆန် တန်ချိန် ၁့၇ သန်းကျော် တင်ပို့ခဲ့ပြီး တစ်နှစ်လုံးတွင် ဆန်တင်ပို့မှုပမာဏမှာ တန်ချိန် ၈ သန်းအထိ ရှိမည်ဟု ခန့်မှန်းထားပါသည်။