# “လရောင်အောက်ဝယ် စည်းရိုးဝါး” သီချင်း အားလုံးအတူ သီဆိုကြပါစို့ ၂၀၂၂ ခုနှစ် တရုတ် -မြန်မာ TikTok သီချင်းသီဆိုခြင်း ဖိတ်ခေါ်ပြိုင်ပွဲပါဝင်ရန် သင့်အားကြိုဆိုလိုက်ပါသည်

Yunnan Gateway, April 8, 2022
Size:

ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် “Shenzhou-13” အာကာသယာဉ်မှူး ရဲကွမ်ဖူသည် အာကာသစခန်းတွင် ဟူလူစ်ပြွေတူရိယာဖြင့် “လရောင်အောက်ဝယ် စည်းရိုးဝါး” သီချင်းကို တီးခတ်ခဲ့ပါသည်။ တယ်ဟုန်ပြည်နယ်ခွဲ၏ အလှတရားကို သပ်သပ်ရပ်ရပ် ဖော်ပြလိုက်ပါသည်။ ဧပြီလ ၁၆ ရက်နေ့တွင် ကျိုက်ကျီကန်၊ ဝမ်ရဖိန့်နှင့် ရဲကွမ်ဖူစသည့် အာကာသယာဉ်မှူး သုံးဦးတို့သည် ကမ္ဘာမြေကို ပြန်လာတော့မည်ဖြစ်ပါသည်။ #“လရောင်အောက်ဝယ် စည်းရိုးဝါး”သီချင်း အားလုံးအတူ သီဆိုပြီး အဆိုပါအာကာသယာဉ်မှူးများ၏ အိမ်အပြန်ကို ကြိုဆိုကြပါစို့။

“လရောင်အောက်ဝယ် စည်းရိုးဝါး”သီချင်း၏ နားဝင်ချိုသာယာသော တေးသံ ထွက်ပေါ်လာသည်နှင့်အမျှ တရုတ်-မြန်မာ နယ်စပ်ဒေသတွင် တောတောင်ရေမြေ ထိစပ်လျက်ရှိသော ရှုဖွယ်စုံလင် တယ်ဟုန်တစ်ခွင်ကို တွေးကြည့်မိပါသလား။ တေးသီချင်းတွင် နစ်မျောရင်း တယ်ဟုန်ပြည်နယ်ခွဲ၏ ရှုခင်းအလှတရားကို ရှုစားလိုက်ပါ။

 

၁ ။ ကျင်းပသည့် ခေါင်းစဥ်

 

#“လရောင်အောက်ဝယ် စည်းရိုးဝါး”သီချင်း အားလုံးအတူ သီဆိုကြပါစို့

၂၀၂၂ ခုနှစ် တရုတ်-မြန်မာ TikTok သီချင်းသီဆိုခြင်း ဖိတ်ခေါ်ပြိုင်ပွဲ

 

၂ ။ ကျင်းပသည့် အချိန်

 

၂၀၂၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှ မေလ ၁၀ ရက်နေ့ထိ

 

၃ ။ ကျင်းပရေးကော်မတီ

 

ဦးစီးကျင်းပသည့်ကော်မတီ ။ ။ တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီ ပြန်ကြားရေးဌာန၊ တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီ အင်တာနက်နှင့် သတင်းအချက်အလက်ရုံး

 

စည်းရုံးရေးကော်မတီ ။ ။ တယ်ဟုန်ပြည်နယ်ခွဲ ယဥ်ကျေးမှုနှင့်ခရီးသွားညွှန်ကြားရေးဌာန၊ တယ်ဟုန်ပြည်နယ်ခွဲ နိုင်ငံခြားရေးဌာန၊ ရွှေလီရှေ့ပြေး စမ်းသပ်ဇုန် မြန်မာနိုင်ငံအခြေစိုက် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး၊ တယ်ဟုန်ပြည်နယ်ခွဲ မီဒီယာအဖွဲ့၊ ပေကျင်းကျာယုတ် အွန်လိုင်းအင်တာနက် သိပ္ပံနှင့် နည်းပညာ ကုမ္ပဏီလီမိတက်

 

ပူးတွဲကျင်းပသည့်ဌာန ။ ။ ယူနန်နေ့စဥ်သတင်းစာအဖွဲ့ မီဒီယာစင်တာ၊ “ကူမင်းညနေခင်းသတင်းစာ”၊ “မင်္ဂလာ”မဂ္ဂဇင်း၊ မြန်မာနိုင်ငံ ရွှေဇာမဏီ တရုတ်ဘာသာသတင်းစာ၊ “ပေါက်ဖော်”မြန်မာဘာသာသတင်းစာ၊ M time၊ တယ်ဟုန်ဆရာအတတ်သင်အဆင့်မြင့်ကောလိပ်၊ တယ်ဟုန်ပြည်နယ်ခွဲ အသက်မွေးဝမ်းကျောင်းကောလိပ်၊ မန်စီမြို့ ပါတီကော်မတီ ပြန်ကြားရေးဌာန၊ ရွှေလီမြို့ ပါတီကော်မတီ ပြန်ကြားရေးဌာန၊ ရင်ကျန်းခရိုင်ပါတီကော်မတီ ပြန်ကြားရေးဌာန၊ လုံချွမ်းခရိုင် ပါတီကော်မတီ ပြန်ကြားရေးဌာန၊ လျန်ဟော်ခရိုင်ပါတီကော်မတီ ပြန်ကြားရေးဌာန၊ မွန်ပါနရှီးတေးသံအဖွဲ့၊ ကျူကန်ဂီတစတူဒီယို

 

၄ ။ ခေါင်းစဉ်စတင်ခြင်း

 

တယ်ဟုန်ပြည်နယ်ခွဲပါတီကော်မတီပြန်ကြားရေးဌာန၏ Tik Tok အကောင့် @美丽德宏(@ရှုဖွယ်စုံလင် တယ်ဟုန်တစ်ခွင်)ဖြင့် #“လရောင်အောက်ဝယ် စည်းရိုးဝါး”သီချင်း အားလုံးအတူ သီဆိုကြပါစို့ ဟူသောခေါင်းစဥ်ဖြင့် အထူးရိုက်ကူးထားသောပြိုင်ပွဲဝင် ဗီဒီယိုကို တင်ဆက်ထုတ်လွှင့်ရမည်ဖြစ်ပါသည်။

 

၅ ။ ပါဝင်ယှဥ်ပြိုင်ရန် နည်းလမ်း

 

က ။ တစ်ကမ္ဘာလုံးရှိ Tik Tok အသုံးပြုသူများသည် အဆိုပါဖိတ်ခေါ်ပြိုင်ပွဲကို ပါဝင်ယှဥ်ပြိုင်နိုင်ကြပါသည်။

 

ခ ။ ဗီဒီယိုကို တင်ဆက်ထုတ်လွှင့်ရာတွင် #“လရောင်အောက်ဝယ် စည်းရိုးဝါး”သီချင်း အားလုံးအတူ သီဆိုကြပါစို့ ဟူသော ခေါင်းစဥ်ကို ထည့်သွင်းပြီး @美丽德宏(@ရှုဖွယ်စုံလင် တယ်ဟုန်တစ်ခွင်)ပြုလုပ်ကာ တည်နေရာထည့်ခြင်းကို ရွေးချယ်ရပါမည်။

 

ဂ ။ ဗီဒီယို ရိုက်ကွင်းမှာ လေမှုတ်ခြင်း၊ တီးမှုတ်ခြင်း၊ သီဆိုခြင်း၊ ကခုန်ခြင်းအစရှိသည့်နည်းလမ်းများဖြင့် တယ်ဟုန်ပြည်နယ်ခွဲ၏ “လရောင် အောက်ဝယ် စည်းရိုးဝါး” ရိုးရာသီချင်း(၎င်းသီချင်း၏ အစိတ်အပိုင်းကို ကောက်နုတ်ရွေးချယ်နိုင်ပါသည်)ကို တင်ဆက်ခြင်း ဖြစ်ပါသည်။ တရုတ် - မြန်မာနှစ်နိုင်ငံ ရှုခင်းအလှတရား၊ ယဥ်ကျေးမှုဓလေ့ထုံးစံ၊ သဘာဝပတ်ဝန်းကျင်နှင့် တိုင်းရင်းသားလူမျိုးနှင့် မှတ်တမ်းရုပ်ရှင် စသည့်မြင်ကွင်းများကို သင့်လျော်သလို ပေါင်းစပ်ရိုက်ကူးနိုင်ပါသည်။

 

၆ ။ ဆုချီးမြှင့်ခြင်း

ယခုအကြိမ် Tik Tok ဖိတ်ခေါ်ပြိုင်ပွဲပါဝင်ယှဥ်ပြိုင်သော အသုံးပြုသူများအနက် လိုက်ခ်များ၊ ပို့စ်ပြန်လည်မျှဝေခြင်း၊ မှတ်ချက်များနှင့် အဓိကခေါင်းစဥ် နှင့်ကိုက်ညီမှု များအလိုက် ဆုရဗီဒီယိုကို ရွေးချယ်မည် ဖြစ်ပါသည်။ ၎င်းတို့အနက် ပထမဆု တစ်ဆုအား ဆုကြေးငွေ ယွမ် ၃၀၀၀၊ ဒုတိယဆု ၁၀ ဆု အကောင့်တစ်ခုစီလျှင် ဆုကြေးငွေ ယွမ် ၁၀၀၀၊ တတိယဆု ၂၀ ဆု အကောင့်တစ်ခုစီလျှင် ဆုကြေးငွေ ယွမ် ၆၀၀ နှင့် နှစ်သိမ့်ဆု ၁၀၀ ဆု အကောင့်တစ်ခုစီလျှင် ဆုကြေးငွေ ယွမ် ၂၀၀ စီ အသီးသီး ချီးမြှင့်မည်ဖြစ်ပါ သည်။

 

၇ ။ အထူးဖိတ်ကြားသောဧည့်သည်များ

တရုတ်နိုင်ငံ အမျိုးသားပထမအဆင့် တီးမှုတ်ခြင်းအနုပညာရှင် လီချွမ်ဟွာ၊ ယူနန်ပြည်နယ် ခရီးသွားယဥ်ကျေးမှုပွဲတော်၏ ရုပ်ပုံသံတမန် ပိုင်မတော်ကျီ၊ အမျိုးသမီးအဆိုတော် ကျင်ရဲဟန်းဝါး၊ တရုတ်နိုင်ငံ နာမည်ကျော် သဘာဝပတ်ဝန်းကျင်ရိုက်ကူးရေးဓာတ်ပုံဆရာနှင့် “ရှုဖွယ်စုံလင် တယ်ဟုန် တစ်ခွင်” မိတ်ဆက်ခြင်းသံတမန် စွန်ရှောင်ဟုန် အစရှိသည့်ပုဂ္ဂိုလ်များသည် အထူး ဖိတ်ကြားသောဧည့်သည်များအနေဖြင့် ယခုအကြိမ် ဖိတ်ခေါ်ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ကြမည် ဖြစ်ပါသည်။

 

တယ်ဟုန်ပြည်နယ်ခွဲပါတီကော်မတီပြန်ကြားရေးဌာန

၂၀၂၂ ခုနှစ် ဧပြီလ ၉ ရက်နေ့