ယူနန်ပြည်နယ် တရုတ်-မြန်မာနယ်စပ်ဒေသရှိ ကျန်းဖုန်နယ်စပ်ဂိတ်မှတစ်ဆင့် အကောက်ခွန်ရှင်းလင်းသည့် ကုန်စည်တန်ဖိုး တရုတ်ယွမ် သန်း ၂၀၀ ကျော်လွန်ခဲ့

Yunnan Gateway, April 6, 2022
Size:

ယူနန်ပြည်နယ် တရုတ်-မြန်မာနယ်စပ်ဒေသရှိ ကျန်းဖုန်နယ်စပ်ဂိတ်မှ သတင်းအရသိရသည်မှာ ယခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှစ၍ ၁၉၃ ရက်ကြာ ပိတ်ထားခဲ့သော ကျန်းဖုန်နယ်စပ်ဂိတ်သည် ကုန်စည်ပို့ဆောင်ရေး အကောက်ခွန်ရှင်းလင်းခြင်းလုပ်ငန်း ပြန်လည်ဆောင်ရွက်လာသည်နှင့်အမျှ နေ့စဥ်အကောက်ခွန် ရှင်းလင်းရေး ယာဉ်များနှင့် အကောက်ခွန် ရှင်းလင်းရေး ကုန်စည်များ ဆက်လက် မြင့်တက်ခဲ့ပြီး နေ့စဉ် ကုန်စည်ပို့ဆောင်မှု ပမာဏမှာ တန်ချိန် ၄၀၀၀ ကျော် ရှိကြောင်း သိရပါသည်။

၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့အထိ ရွှေလီမြို့ နယ်စပ်ဖြတ်ကျော်စစ်ဆေးရေးစခန်း ကျန်းဖုန်စခန်းခွဲသည် နိုင်ငံဖြတ်ကျော် ပို့ဆောင်ရေးယာဥ် အစီးရေ ၅၀၀၀ ကျော်အား အကောက်ခွန် ရှင်းလင်းရေး ဆောင်ရွက်ကာ အကောက်ခွန်ရှင်းလင်းသည့် ကုန်စည်တန်ဖိုး တရုတ်ယွမ် သန်း ၂၀၀ ကျော်လွန်သည့်အတွက် တရုတ်-မြန်မာနှစ်ဦးနှစ်ဖက် စီးပွားရေးလုပ်ငန်းအဖွဲ့များသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခံစားရရှိသော ထိခိုက်မှုကို ထိရောက်စွာ လျော့ပါးစေခဲ့သည်။


( အရင်းအမြစ် - တရုတ်မီဒီယာအဖွဲ့ (CMG) ၏ ယူနန်ရုံးချုပ်။ ဘာသာပြန် - Yunnan gateway)