မြန်မာနိုင်ငံ ပုဂံမြို့ရှိ ချူအင်လိုင်းတန်ဆောင်း ပြုပြင်မွမ်းမံခြင်းစီမံကိန်းကို တည်ဆောက်ပြီးစီး

CRI, April 5, 2022
Size:

ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ပုဂံမြို့ရှိ ချူအင်လိုင်းတန်ဆောင်း ပြုပြင်မွမ်းမံခြင်းစီမံကိန်း တည်ဆောက်ပြီးစီးခြင်း အခမ်းအနားကို ပုဂံမြို့တွင် ကျင်းခဲ့ပါသည်။

မြန်မာနိုင်ငံသို့ ၉ ကြိမ်တိုင်တိုင် သွားရောက်လည်ပတ်ခဲ့ဖူးသည့် ဝန်ကြီးချုပ်ချူအင်လိုင်းသည် ၁၉၆၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ပုဂံသို့ သွားရောက်ခဲ့ပြီး ကျပ် ၅၀၀၀ ကို လှူဒါန်းခဲ့ပါသည်။ ယင်းအလှူငွေနှင့် ပြည်သူများ၏အလှူငွေကို အသုံးပြုပြီး လူများအပန်းဖြေအနားယူရန် ဤတန်ဆောင်းကို တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။

ယခုအကြိမ် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းကို ယခုနှစ် ဇန်နဝါရီလ စတင်ဆောင်ရွက်ခဲ့ပါသည်။ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတို့သည် ကိုဗစ်-၁၉ ရောဂါစသည့် အခက်အခဲများကို ကျော်လွှားပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ကာ ၃ လကြာ ကြိုးပမ်း၍ ယင်းပြုပြင်မွမ်းမံခြင်းလုပ်ငန်းကို ပြီးမြောက်ဆောင်ရွက်ခဲ့ပါသည်။