မြန်မာဗဟိုဘဏ်သည် နိုင်ငံခြားငွေ တင်းကျပ်စွာ စီမံခန့်ခွဲရေးဆိုင်ရာ ပေါ်လစီအသစ်များထုတ်ပြန်

CRI, April 5, 2022
Size:

နိုင်ငံခြားငွေဆိုင်ရာ ပိုမိုတင်းကျပ်သော စီမံခန့်ခွဲရေးပေါ်လစီများကို ကျင့်သုံးကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်သည် ဒေသစံတော်ချိန် ယခုလ ၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

နိုင်ငံခြားငွေများ စီမံခန့်ခွဲရေး ပေါ်လစီအသစ်တွင် မြန်မာသားများ၏ နိုင်ငံခြားငွေဝင်ငွေများကို တစ်ရက်အတွင်း မြန်မာနိုင်ငံရှိ နိုင်ငံခြားငွေ ရောင်းဝယ်သည့် လုပ်ငန်းလိုင်စင်ရဘဏ်များ၏ နိုင်ငံခြားငွေ အကောင့်သို့ ပို့ပြီး အစိုးရ သတ်မှတ်သော လဲလှယ်နှုန်းအရ ကျပ်ငွေအဖြစ် လဲလှယ်ရခြင်း၊ မြန်မာနိုင်ငံဘဏ်များ၏အကောင့်သို့ ဝင်ရောက်ပြီးသောနိုင်ငံခြားငွေလည်း ၃ ရက်နေ့မှစ၍ မြန်မာကျပ်ငွေအဖြစ် လဲလှယ်ရမည်ဖြစ်ခြင်းစသဖြင့် ပါဝင်ပါသည်။