ထိုင်းစစ်တပ်နှင့် တောင်ပိုင်းခွဲထွက်ရေးအဖွဲ့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို စတင်ဖော်ဆောင်

CRI, April 4, 2022
Size:

ထိုင်းစစ်တပ်နှင့် တောင်ပိုင်းခွဲထွက်ရေးအဖွဲ့အစည်း BRN တို့သည် ဆွေးနွေးညှိနှိုင်းပြီးနောက် Ramadan ကာလအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရရှိထားပြီဖြစ်သည်။ ဧပြီလ ၃ ရက်နေ့မှ မေလ ၁၄ ရက်နေ့အထိ ထိုင်းနိုင်ငံတောင်ပိုင်း Yala ပြည်နယ်၊ Pattani ပြည်နယ်၊ Narathiwat ပြည်နယ် နှင့် Songkhla ပြည်နယ်ရှိ ခရိုင်လေးခုတွင် စစ်ရေးလှုပ်ရှားမှုအားလုံးကို ရပ်ဆိုင်းထားမည်။ ဤကာလအတွင်း BRN မှ တိုက်ခိုက်မှုများမပြုလုပ်ရန် ကတိပြုထားပြီး၊ စစ်တပ်မှ ၎င်း၏ ဖြိုခွင်းမှုကိုလည်း ရပ်တန့်မည်ဖြစ်ကာ စစ်ဆေးရေးဂိတ်အချို့တွင် ရာဇဝတ်ကောင် များအတွက် နှစ်ရှည်လများတင်ထားသော ဝရမ်းများကိုဖယ်ပစ်၍ ဖြတ်သန်းသွားလာသည့် ယာဉ်များကို စစ်ဆေးရာတွင် စစ်သားများအား မွတ်ဆလင် နှုတ်ခွန်းဆက်စကားများ အသုံးပြုရန် တောင်းဆိုထားသည်။