တရုတ်-လာအို ရထားလမ်း လေးလအတွင်း ခရီးသည် ၂ သန်း ကျော် ပို့ဆောင်

CRI, April 4, 2022
Size:

တရုတ်-လာအို ရထားလမ်း လေးလကြာ ပြေးဆွဲလည်ပတ်ခဲ့ပြီးနောက် ခရီးသည် စုစုပေါင်း ၂ ဒဿမ ၂၅၄ သန်းနှင့် ကုန်စည် တန်ချိန် ၁ ဒဿမ ၃၁ သန်းကို ပို့ဆောင်နိုင်ခဲ့ကြောင်း ဧပြီလ ၃ ရက်နေ့က တရုတ် နိုင်ငံတော် မီးရထားအုပ်စုမှ သတင်းအရ သိရပါသည်။ ယင်းရထားလမ်း၏ ခရီးသည်တင်နှင့် ကုန်တင် ပို့ဆောင်မှုသည် ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး နှစ်နိုင်ငံ ပြည်သူများ အဆင်ပြေ သွားလာရေး၊ ပြည်တွင်းပြည်ပ စီးပွားရေး လည်ပတ်မှု ချောမွေ့စေရေးနှင့် တရုတ်-လာအိုစီးပွားရေးစင်္ကြံ တည်ဆောက်မှု အဆင့်မြှင့်တင်ရေးအတွက် အကျိုးပြု စွမ်းဆောင်ပေးခဲ့ပါသည်။