တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ Vaccine ဆေးထိုးအပ်များ လှူဒါန်း

CRI, April 2, 2022
Size:

ဧပြီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသို့ အရေးပေါ်လှူဒါန်းသော ကိုဗစ်-၁၉ Vaccine ဆေးထိုးအပ် အခုရေ ၂ သန်းကို မူဆယ်၌ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံသို့ လှူဒါန်းသော ကိုဗစ်-၁၉ Vaccine ဆေးထိုးအပ် အခုရေ ၁ သန်းကိုလည်း တပြိုင်တည်း လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ Vaccine၊ အောက်ဆီဂျင်စက်နှင့် နှာခေါင်းစည်း စသည့်ကပ်ရောဂါကာကွယ်ရေးပစ္စည်းများ ဆက်တိုက်လှူဒါန်းပေးခဲ့ပြီး မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို ပံ့ပိုးကူညီခဲ့ပါသည်။ လက်ရှိအချိန်အထိ တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ထောက်ပံ့သော ကိုဗစ်-၁၉ Vaccine စုစုပေါင်းအရေအတွက်မှာ ၄၁ သန်းကျော်ရှိပါသည်။ ယခုအကြိမ် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အရေးပေါ်လှူဒါန်းသော ကိုဗစ်-၁၉ Vaccine ဆေးထိုးအပ် အခုရေ ၃ သန်းသည် မြန်မာနိုင်ငံ၏ Vaccine ဆေးထိုးအပ် လိုအပ်နေမှုအခြေအနေကို ပြေလျော့စေကာ မြန်မာနိုင်ငံတွင် Vaccine ထိုးနှံမှုလုပ်ငန်း အရှိန်မြှင့်ရန် အားဖြည့်ပေးပြီး မြန်မာပြည်သူများအတွက် ခုခံအား အကာအကွယ်ကို ပိုမိုကောင်းမွန်စွာ တည်ဆောက်နိုင်မည် ဖြစ်သည်။