တရုတ်-မြန်မာ ကုန်သွယ်ရေးချောမွေ့စေရေးလုပ်ငန်းအဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးကျင်းပ

CRI, March 31, 2022
Size:

တရုတ်-မြန်မာ ကုန်သွယ်ရေးချောမွေ့စေရေးလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေးကို မတ်လ ၃၀ ရက်က ဗီဒီယိုစနစ်ဖြင့်ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ် ပြန်ထားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ထိုအစည်းအဝေးတွင် နှစ်ဦးနှစ်ဘက်က ဂရုပြုသည့် နယ်စပ်ကုန်သွယ်ရေးချောမွေ့စေမှု၊ နယ်စပ်ဂိတ် များဖွင့်လှစ်မှု၊ စိုက်ပျိုးရေးထုတ်ကုန်များ စစ်ဆေးရေး၊ အစားထိုးစိုက်ပျိုးမှုနှင့် တရုတ်နိုင်ငံသို့တင်ပို့ရေး၊ ကုန်သွယ်ရေးနှင့် စာရင်းရှင်းမှုအဆင်ပြေချောမွေ့ရေးစသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ကာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တရုတ်-မြန်မာကုန်သွယ်ရေးက ကပ်ရောဂါကြောင့်အကျိုးသက်ရောက်မှုအား ကျော်ဖြတ်ကာ ရရှိခဲ့သည့်အောင်မြင်မှုများကို အသိအမှတ်ပြုခဲ့ကာ နောက်တစ်ဆင့်လုပ်ငန်းလားရာကို အတည်ပြုခဲ့သည့်အပြင် လုပ်ငန်းအဖွဲ့ ယန္တရားကိုလည်း ကောင်းမွန်စွာအသုံးပြုနိုင်ရေး၊ နှစ်နိုင်ငံကုန်သွယ်ရေး တည်ငြိမ်စွာ တိုးတက်ရေးအား မြှင့်တင်ရေးတို့အတွက် သဘောတူညီချက်များရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

ထိုအစည်းအဝေးသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။