မြန်မာသည် ပြည်ဝင်သူများအား quarantine အချိန်ဖြေလျှော့ပေး

CRI, March 28, 2022
Size:

ဒေသစံတော်ချိန် မတ်လ ၂၆ ရက်နေ့က မြန်မာကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါအခြေအနေသည် တစ်ဖြည်းဖြည်း လျော့ပေါ့လာနေသဖြင့် ပြည်ဝင်သူများအား ကူးစက်ရောဂါကာကွယ်ချုပ်ထိန်းခြင်းနှင့် quarantine ဆိုင်ရာ သတ်မှတ်ချက်များကို ပြန်လည်ပြင်ဆင်ကြောင်း ကြေညာခဲ့ပါသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသော လူများအတွက် quarantine အချိန်ကို မူလက ၇ ရက်မှ ၅ ရက်အထိဖြေလျှော့ပေးပြီး ကာကွယ်ဆေး မထိုးရသေးသောလူများအတွက် quarantine အချိန်ကို ၁၀ ရက်မှ ၇ရက်အထိ ဖြေလျှော့ပေးခဲ့ကြောင်း၊ ပြည်ဝင်သူအားလုံးသည် quarantine အချိန်အတွင်း antigen dectection တစ်ကြိမ်နှင့် nucleic acid testing တစ်ကြိမ်ကို ပြုလုပ်ရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။