မြန်မာနိုင်ငံတွင် ၇၇ ကြိမ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကျင်းပ

CRI, March 28, 2022
Size:

ယခုလ မတ်လ ၂၇ ရက်နေ့ မနက်ပိုင်းက မြန်မာနိုင်ငံ နေပြည်တော်တွင် ၇၇ ကြိမ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ကျင်းပခဲ့ကြောင်း၊ အခမ်းအနားတွင် ကြည်း၊ ရေ၊ လေ တပ်မတော်မှ စစ်သည် ၈၆၀၀ ကျော်တို့နှင့် တင့်ကား၊သံချပ်ကာကား၊ ဒုံးလက်နက်များ ၊self-propelled အမြောက် အပါအဝင် အကြီးစား စစ်လက်နက်ပစ္စည်း ၁၅၀ ကျော်နှင့် လေယာဉ်အစင်း ၄၀၊ မြင်းတပ်သား အယောက် ၅၀ ကျော်တို့ ပါဝင်ခဲ့ပြီး အခမ်းအနားတွင် စစ်လက်နက်ပစ္စည်းအသစ်များလည်း ပါဝင်ပြသခဲ့ကြောင်း၊ ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီးများ အပါအဝင် လူပုဂ္ဂိုလ် ၁၀၀၀ ကျော် တက်ရောက်ကြကြောင်း China Media Group မှ သတင်းအရ သိရ ပါသည်။