တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်သည့် MYANCOPHARM ကိုဗစ်-၁၉ ကာကွယ်ဆေး တရားဝင် စတင်ထုတ်လုပ်

CRI, March 23, 2022
Size:

ယနေ့ မတ်လ ၂၃ ရက်နေ့တွင် MYANCOPHARM ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထုတ်လုပ်ခြင်းနှင့် မိတ်ဆက်ခြင်း အခမ်းအနားကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

အခမ်းအနားတွင်အဆိုပါ MYANCOPHARM ကိုဗစ်-၁၉ ကာကွယ်ဆေးကို တရုတ်နိုင်ငံ Sinopharm CNBG ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီနှင့် မြန်မာစက်မှုဝန်ကြီးဌာနတို့က ပူးပေါင်းဆောင်ရွက်၍ မြန်မာနိုင်ငံ၌ ပုလင်းသွင်း ဖြည့်တင်းထုတ်လုပ်လျက်ရှိကြောင်း၊ MYANCOPHARM ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဆေးပုလင်း (၁) လုံးလျှင် လူ (၅) ဦးစာ ဖြစ်၍ အပူချိန် (2-8°C ) အတွင်း ထားရှိရန် လိုအပ်ပြီး ဆေး၏ သက်တမ်းမှာ (၁) နှစ်ဖြစ်ကြောင်း၊ လစဉ် ကာကွယ်ဆေးလုံးရေ (၁) သန်းနှုန်းဖြင့် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်အတွင်း ကာကွယ်ဆေးလုံးရေ (၁၀) သန်းကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ကာကွယ်ဆေးထုတ်လုပ်မှုနည်းပညာ လွှဲပြောင်းခြင်းနှင့် ကာကွယ်ဆေးမထုပ်ပိုးရသေးသောအရည် (RTF Bulk ) ပံ့ပိုးပေးခြင်းအပြင် ပညာရှင်များ စေလွှတ်ကာ ကာကွယ်ဆေးထုတ်လုပ်မှုလုပ်ငန်းကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုထိ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးလုံးရေစုစုပေါင်း ၄၁ သန်းကျော်ကို ဖြန့်ဖြူးခဲ့ကြောင်း သိရသည်။