ကုန်ဈေးနှုန်းမြင့်တက်ခြင်း၏ ထိခိုက်မှုလျှော့ချရန် လူမှုကယ်ဆယ်ရေးဆောင်ရွက်ချက် ၁၀ ရပ်ကို ထိုင်းအစိုးရ ထုတ်ပြန်

CRI, March 23, 2022
Size:

ရုရှား-ယူကရိန်းအရေးသည် ကမ္ဘာ့စွမ်းအင်ဈေးကွက်ကို ပြင်းပြင်းထန်ထန် ထိခိုက်ပြီး ကုန်ဈေးနှုန်း များစွာမြင့်တက်လာသဖြင့် ယခုလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ ကက်ဘိနက်အဖွဲ့ အစည်းအဝေးတွင် လူမှုကယ်ဆယ်ရေးဆောင်ရွက်ချက် ၁၀ ရပ်ကို အတည်ပြုချမှတ်ခဲ့ပြီး ဤသို့ဖြင့် ကုန်ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ပြည်သူ့နေထိုင်မှုဘ၀အပေါ် ထိခိုက်မှုများ လျှော့ချမည် ဖြစ်ပါသည်။ ယင်းဆောင်ရွက်ချက် ၁၀ ရပ်တွင် အိမ်သုံး သဘာဝဓါတ်ငွေ့ရည် ဝယ်ယူမှု ထောက်ပံ့ကြေး မြှင့်တင်ပေးခြင်း၊ ခရီးသည်တင်ဆိုင်ကယ် မောင်းသူများအတွက် လောင်စာဆီစရိတ် ထောက်ပံ့ခြင်း၊ သဘာဝဓါတ်ငွေ့နှင့်ဒီဇယ်ဆီ လက်လီဈေးနှုန်းတည်ငြိမ်မှုကို ထိန်းသိမ်းခြင်း၊ တက္ကစီများအတွက် ဈေးချိုသော သဘာဝ ဓါတ်ငွေ့များ ထောက်ပံ့ခြင်း၊ အများသုံး လျှပ်စစ်မီတာခ ထောက်ပံ့ခြင်းစသဖြင့် ပါဝင်သည်။ ထို့အပြင် ကုန်သွယ်ရေးဝန်ကြီးဌာနသည် လယ်သမားများ ချေးငွေပြန်ဆပ်ရန် သက်တမ်းကိုလည်း တိုးပေးမည် ဖြစ်ပြီး အဆိုပါဆောင်ရွက်ချက်များကို မေလမှ ဇွန်လအထိ ဆောင်ရွက်မည်ဟု China Media Group မှ သတင်းအရ သိရပါသည်။