တရုတ်အကူအညီဖြင့် တည်ဆောက်ထားသည့် ကိုစမာ တရုတ်-ကမ္ဘောဒီးယားချစ်ကြည်ရေးဆေးရုံကို တရားဝင်ဖွင့်လှစ်

CRI, March 22, 2022
Size:

ဒေသစံတော်ချိန် မတ်လ ၂၁ ရက်နေ့က တရုတ်အကူအညီဖြင့် ဆောက်လုပ်ထားသည့် ကိုစမာ တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရေးဆေးရုံကို တရားဝင် ဖွင့်လှစ်ခဲ့ပါသည်။ ယင်းဆေးရုံသည် တရုတ်-ကမ္ဘောဒီးယားအကြား ချစ်ကြည်ရေး ရလဒ်တစ်ခုဖြစ်သလို ဆေးကုသမှုနယ်ပယ်တွင် ကမ္ဘောဒီးယားနိုင်ငံက ရရှိခဲ့သော အရေးကြီးထောက်ပံ့ကူညီမှုဖြစ်ကြောင်း၊ ယင်းဆေးရုံ ဆောက်လုပ်ခြင်းသည် ကမ္ဘောဒီးယားပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်စွက်ပေးကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟူစိန်က ဖော်ပြပါသည်။

ကိုစမာဆေးရုံသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှစ၍ စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဆောက်လုပ်ပြီးစီးပြီဖြစ်ပါသည်။ အသစ်ဆောက်လုပ်ထားသည့် အဆောက်အအုံတွင် အပြင်လူနာ ဆေးကုဌာန၊ အရေးပေါ် ကုသခန်း၊ ဆေးဘက်ဆိုင်ရာဌာန၊ ခွဲစိတ်ခန်းများနှင့် သက်ဆိုင်ရာ အဆောက်အအုံများအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းခွင် ဧရိယာစတုရန်း မီတာ ၃၃၀၀၀ ရှိပြီး ပထမတန်းစား ဆေးဘက်ဆိုင်ရာ ကိရိယာများလည်း အပြည့်အစုံ တပ်ဆင်ထားပါသည်။