တရုတ် ပထမဆုံး တရုတ်-ဗီယက်နမ် နယ်စပ်ဂိတ်သို့ တိုက်ရိုက်ပေါက်ရောက်သော အမြန်ရထားလမ်းအတွက် လျှပ်စစ်ဓါတ်အားပေးဝေရေး စတင်ဆောင်ရွက်

CRI, March 20, 2022
Size:

မတ်လ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံ၏ ပထမဆုံး တရုတ်-ဗီယက်နမ် နယ်စပ်ဂိတ်သို့ တိုက်ရိုက် ပေါက်ရောက်သော အမြန်ရထားလမ်း ဖှန်ချန်ကန် - တုန်းရှင်း ရထားလမ်းအတွက် လျှပ်စစ်ဓါတ်အား၊ သတင်းအချက်အလက် ဆက်သွယ်မှု ပေးဝေရေးကို တရားဝင် စတင်ဆောင်ရွက်ခဲ့ပါပြီ။

ဖှန်ချန်ကန် - တုန်းရှင်း ရထားလမ်းသည် ၄၆.၈၉၇ ကီလိုမီတာ ရှည်လျားပြီး တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ ပြေးဆွဲနိုင်ပါသည်။ ယခု ယင်းရထားလမ်းစီမံကိန်း၏ ၈၅ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးပြီ ဖြစ်ပြီး တည်ဆောက်ပြီးပါက ဖှန်ချန်ကန် - တုန်းရှင်း ရထား အသွားအလာ မရှိသော သမိုင်းကိုအဆုံးသတ်မည်ဖြစ်ပြီး အဆိုပါနေရာနှစ်ခုကြား ပို့ဆောင်ရေးအချိန်ကို လက်ရှိမိနစ်၉၀မှ မိနစ် ၂၀ အထိ တိုသွားမည်ဖြစ်သည်။