တရုတ်တိုင်းရင်းဆေးပညာဆိုင်ရာ ကူးစက်ရောဂါတိုက်ဖျက်ရေး ဆေးပညာရှင်အဖွဲ့ ကမ္ဘောဒီးယားသို့ ရောက်ရှိ

CRI, March 18, 2022
Size:

ဒေသစံတော်ချိန် ၁၆ ရက်နေ့ ညနေတွင် တရုတ်နိုင်ငံမှ စေလွှတ်ထားသော ကူးစက်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ တရုတ်တိုင်းရင်းဆေးပညာရှင်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လေယာဉ်ဖြင့် ရောက်ရှိလာသည်။  ဆေးပညာရှင် အဖွဲ့ခေါင်းဆောင် ရွှင်ဖုန်းချင်းက တရုတ်တိုင်းရင်းဆေးပညာဆိုင်ရာ ကူးစက်ရောဂါ တိုက်ဖျက်ရေး  ဆေးပညာရှင်အဖွဲ့၏ တာဝန်မှာ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရာတွင် တရုတ်နိုင်ငံ၏ အတွေ့အကြုံများကို မျှဝေရန်၊ ကမ္ဘောဒီးယားနှင့် ပညာရပ်ဆိုင်ရာ ဖလှယ်မှုများ ပြုလုပ်ရန်နှင့် ကမ္ဘောဒီးယား ကပ်ရောဂါကို တိုက်ဖျက်ရာတွင် ကူညီပေးရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီး အီဘိုလာရိုက တရုတ် ကပ်ရောဂါတိုက်ဖျက်ရေး ဆေးပညာရှင်အဖွဲ့ကို ကမ္ဘောဒီးယားသို့ စေလွှတ်လိုက်ခြင်းသည် ကမ္ဘောဒီးယားသို့ ဆေးဘက်ဆိုင်ရာ နည်းပညာသစ်များ ယူဆောင်လာပြီး ကမ္ဘောဒီးယားတွင် ကပ်ရောဂါကို ကောင်းမွန်မှန်ကန်စွာ တိုက်ဖျက်နိုင်စေရန် ကူညီပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။