ကုန်း-ရေလမ်းကြောင်းသစ် တရုတ်-လာအို၊ လာအို-ထိုင်း နိုင်ငံတကာ ရထားလမ်း ပူးတွဲရထား စတင်ခုတ်မောင်း

CRI, March 18, 2022
Size:

မကြာမီက ကုန်း-ရေလမ်းကြောင်းသစ် တရုတ်-လာအို၊ လာအို-ထိုင်း နိုင်ငံတကာ ရထားလမ်း ပူးတွဲရထားသည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် စတင်ခုတ်မောင်းခဲ့ကြောင်း၊ ယင်းရထား စတင်ခုတ်မောင်းခြင်းသည် တရုတ်နိုင်ငံ ချုံချင့်မြို့၊ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အကြား ကုန်သွယ်မှု လမ်းကြောင်းကြီး တစ်ဆင့်တိုးတက်လာခြင်းဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

တရုတ်-လာအို၊ လာအို-ထိုင်း နိုင်ငံတကာ ရထားလမ်းသည် Belt and Road ကမ်းလှမ်းချက်နှင့် လာအို၊ ထိုင်း အပါအဝင် နိုင်ငံတကာ မိတ်ဖက်အကြား မဟာဗျူဟာ ဆက်နွှယ်ရာတွင် ကြီးမားသောအောင်မြင်မှုရလဒ်ဖြစ်၍ တရုတ်နိုင်ငံနှင့် လာအို၊ ထိုင်းနှင့် ကမ္ဘောဒီးယား စသောအင်ဒို-တရုတ်ကျွန်းဆွယ်မှ နိုင်ငံများသည် ပိုမို လွယ်ကူလျင်မြန်သော လမ်းကြောင်းသစ် ရှိလာကြောင်း သတင်း ရရှိပါသည်။