တရုတ်သည် ပထမဆုံး တရုတ်တိုင်းရင်းဆေး ဆေးကုအဖွဲ့သည် ကမ္ဘောဒီးယားသို့ ကူညီထောက်ပံ့

CRI, March 13, 2022
Size:

ဇန်နဝါရီလ ၁၅ ရက်နေ့က တရုတ်နှင့် ကမ္ဘောဒီးယားတို့ စာချုပ်ချုပ်ဆိုသည်၊ ယင်းစာချုပ်တွင် တရုတ် အမျိုးသား တိုင်းရင်းဆေးစီမံခန့်ခွဲရေးဌာနသည် အဓိကအားဖြင့် တရုတ်တိုင်းရင်းဆေးဆရာဝန်များ ပါဝင်သော တရုတ်တိုင်းရင်းဆေးဖြင့် ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေးအဖွဲ့ကို ကမ္ဘောဒီးယားသို့ စေလွှတ်၍ ဆေးကုတာဝန် တစ်နှစ်ကြာထမ်းဆောင်စေကြောင်း၊ ယင်းသည် တရုတ်မှ စေလွှတ်သော ပထမဆုံး တရုတ်တိုင်းရင်းဆေး ဆေးကုအဖွဲ့ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဆေးကုအဖွဲ့၏ ရှေ့ပြေးအဖွဲ့သည် ဒေသခံကပ်ရောဂါအခြေအနေနှင့် ကျန်းမာရေးအခြေအနေကို လေ့လာနေကြောင်း China Media Group မှ သတင်းအရ သိရပါသည်။