လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း “မြန်မာနိုင်ငံ ခရီးသွားလာရေးသုတေသနစင်တာ တည်ဆောက်မှု” စီမံကိန်းပမာဏဆိုင်ရာသုတေသန (Quantitative Research) လေ့ကျင့်ရေးသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

CRI, March 12, 2022
Size:

၂၀၂၁ ခုနှစ် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ထောက်ပံ့မှုဖြင့် ဖော်ဆောင်သည့် “မြန်မာနိုင်ငံ ခရီးသွားလာရေးသုတေသနစင်တာ တည်ဆောက်မှု” စီမံကိန်းပမာဏဆိုင်ရာသုတေသန (Quantitative Research) လေ့ကျင့်ရေးသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သည်။ သင်တန်းဆင်းပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် တက်ရောက်၍ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၊ မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာဌာနများနှင့်အသင်းအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံအတွက် နိုင်ငံခြားငွေရရှိစေသည့် အရေးကြီးလုပ်ငန်းဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေမှ စီမံကိန်းအပေါ် ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ သင်တန်းသားများမှ သင်ယူလေ့လာခဲ့သည့်ဗဟုသုတများကို ခရီးသွားလုပ်ငန်းနယ်ပယ်တွင် လေ့လာသုတေသနပြုကာ လက်တွေ့အသုံးချနိုင်ပြီး အစိုးရ၏ဆုံးဖြတ်ချခြင်းနှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှုများအတွက် အကျိုးရှိစွာ မှီငြမ်းနိုင်ရန် မျှော်လင့်ကြောင်း၊ ထိုသို့ဖြင့် အမျိုးသားခရီးသွားလုပ်ငန်း တည်ငြိမ်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စီမံကိန်းပမာဏဆိုင်ရာသုတေသန လေ့ကျင့်ရေးသင်တန်းသည် ၁၅ ရက်ကြာမြင့်ပြီး မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာဌာနများ၊ ကျောင်းများနှင့် ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့မှ သင်တန်းသား ၅၀ ဦး တက်ရောက်ခဲ့ပါသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။