အားကစားသမားများအား ဗဟိုပြုပြီး မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ သဘောတရားကို ပိုမိုကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေး

CRI, March 11, 2022
Size:

မတ်လ ၁၀ ရက်နေ့က ပီကင်းဆောင်းရာသီ မသန်စွမ်းသူများ အိုလံပစ်အားကစား ပွဲတော် ပင်မမီဒီယာစင်တာ၌ ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူက ပီကင်းဆောင်းရာသီ မသန်စွမ်းသူများ အိုလံပစ်အားကစားပွဲတော် ကျင်းပစဉ် အတောအတွင်း အားကစားကွင်းများနှင့် အားကစားသမားရွာတွင် အားကစားသမားများအား ဗဟိုပြုပြီး မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ အဆောက်အအုံများနှင့် သက်ဆိုင်ရာပစ္စည်းများ တည်ဆောက်ခင်းကျင်းကာ ဝန်ဆောင်မှုပေးသောအခြေအနေများကို ပြည်တွင်းပြည်ပသတင်းထောက်များအား မိတ်ဆက်ပေးခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူက ပီကင်းဆောင်းရာသီအိုလံပစ်အားကစားပွဲတော် စည်းရုံးရေးကော်မတီသည် အားကစားသမားများအား ဗဟိုပြုခြင်းကို အစဉ်တစိုက်စွဲကိုင်ထားကြောင်း၊ အထူးသဖြင့် ဆောင်းရာသီ မသန်စွမ်းသူများ အိုလံပစ်အားကစားပွဲတော် ကျင်းပစဉ်အတောအတွင်း အားကစားသမားများ၏ နွေးထွေးသောအိမ်အဖြစ် အားကစားသမားရွာတွင် အားကစားသမားများနှင့် ကိုယ်စားလှယ်အဖွဲ့လိုက် အရာရှိများအတွက် တစ်နေ့လုံး ၂၄ နာရီ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ အားကစားသမားရွာတွင် မသန်စွမ်းသူများအတွက် အတားအဆီးမဲ့နေထိုင်မှုအဆောက်အအုံများမှအပ ဓာတ်နှိပ်ကုသရေးနှင့် ဆေးဝါးကုသရေးအပါအဝင် ဌာန ၁၆ ခုထားရှိပြီး နေ့စဉ်နေ့တိုင်း ၁၆ နာရီကြာ အပြင်လူနာ ဆေးကုသရေးနှင့် ၂၄ နာရီကြာ အရေးပေါ်ဆေးဝါးကုသရေးဆိုင်ရာ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း၊ ယခုအထိ လူဦးရေ ၂၇၀ အတွက် ခြေတုလက်တုနှင့် ဘီးတပ်ထိုင်ခုံ ပြုပြင်မွမ်းမံမှုလုပ်ငန်းကို ပြုလုပ်ပြီးစီးခဲ့ကြောင်း၊ ပီကင်းဆောင်းရာသီ မသန်စွမ်းသူများ အိုလံပစ်အားကစားပွဲတော် ကျင်းပပြီးဆုံးခါနီးတွင် အားကစားသမားများ ပြန်လည်ထွက်ခွာရန် ပြင်ဆင်ရေးလုပ်ငန်းကိုလည်း ကြိုတင်ပြုလုပ်နေသဖြင့် အားကစားသမားများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုကို ဆက်လက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။