ထိုင်း ယခုနှစ် Songkranပွဲတော် အထိမ်းအမှတ် လှုပ်ရှားမှု ပြန်လည်ဆောင်ရွက်မည်

CRI, March 10, 2022
Size:

ထိုင်းဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ တာနာကွန်၏ မတ်လ ၈ ရက်နေ့က ထုတ်ပြန်ချက်အရ ထိုင်းဝန်ကြီးချုပ် ဘရာယွတ်က ယခုနှစ် Songkranပွဲတော်တွင် ပြည်သူများသည် အစိုးရ၏ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ်ချက်များကို လိုက်နာသည့် အခြေအနေတွင် အထိမ်းအမှတ် လှုပ်ရှားမှုနှင့် ပြည်နယ်ဖြတ်ကျော် ခရီးသွား အားလုံး ပြန်လည်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရပါသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ထိုင်းနိုင်ငံသည် Songkran ပွဲတော် အထိမ်းအမှတ် လှုပ်ရှားမှုကို ၂ နှစ်ဆက်တိုက်ရပ်တန့်ခဲ့ပြီ ဖြစ်ကြောင်းသတင်းရရှိပါသည်။