တရုတ်-လာအိုမီးရထားလမ်းသည် တရုတ်နှစ်ကူးကာလအတွင်း ခရီးသည်ပေါင်း (၇) သိန်းကျော်၊ ကုန်ပစ္စည်းပေါင်း (၁.၇) သောင်းတန်ကို သယ်ပို့ပေးခဲ့

Yunnan Gateway, March 2, 2022
Size:

ယခုနှစ် တရုတ်နှစ်ကူး သယ်ယူပို့ဆောင်ရေးကာလအတွင်း တရုတ်-လာအိုမီးရထားလမ်းသည် ခရီးသည်ပေါင်း (၇) သိန်းကျော်၊ ကုန်ပစ္စည်းပေါင်း (၁.၇) သောင်းတန်ကို သယ်ပို့နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ မီးရထားလမ်း (ကူမင်း) ညွန်ကြားမှုဦးစီးဌာနအုပ်စုကုမ္ပဏီလီမိတက်မှ ယခုရက်ပိုင်း ထုတ်ပြန်သည့် သတင်းအရ သိရပါသည်။

ယခုနှစ်တရုတ်နှစ်ကူးသယ်ယူပို့ဆောင်ရေးကာလသည် ဇန်နဝါရီ (၁၇) ရက်မှ ဖေဖော်ဝါရီ (၂၅) ရက်ထိ စုစုပေါင်းရက် (၄၀) ဖြစ်ပါသည်။ ၎င်းကာလအတွင်း တရုတ်-လာအိုမီးရထားလမ်း တရုတ်နိုင်ငံအပိုင်းတွင် တစ်ရက်တည်းအများဆုံးခရီးသည်ပို့ဆောင်ဦးရေသည် (၃) သုံး (၃) ထောင် ရှိခဲ့သည်။ အချိန်ကာလတူ လာအိုနိုင်ငံအပိုင်း၏ ခရီးသည်သွားလာနှုန်းသည်လည်း တည်ငြိမ်စွာ တိုးမြင့်နေပြီး ခရီးသည်ပေါင်း (၇) သောင်း (၈) ထောင်ကို သယ်ပို့ပေးခဲ့သည်။