လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်တွင် တရုတ် စီးပွားရေးသည် ကမ္ဘာအတွက် ဘာတွေ ဆောင်ကြဉ်းလာသလဲ

CRI, March 1, 2022
Size:

တရုတ် အမျိုးသား စာရင်းအင်းဌာနမှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က “၂၀၂၁ ခုနှစ် အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာ ပြန်တမ်း”ကို ထုတ်ပြန်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် တရုတ် စီးပွားရေးသည် ပြည်တွင်းပြည်ပ ဖိအားဒဏ်များကို ခံခဲ့ရသော်လည်း ၈.၁ ရာခိုင်နှုန်းရှိသည့် တိုးတက်မှုကို အကောင်အထည်ဖော်ဆောင်ပြီး လူတစ်ဦးချင်း ပျမ်းမျှ GDP တိုးနှုန်းမှာ ၈ ရာခိုင်နှုန်းလည်း ရှိကြောင်း သိရသည်။ ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး စီးပွားရေး အုပ်စု ဖြစ်သည့် တရုတ်ပြည်သည် နာလန်ပြန်ထူနေသည့် ကမ္ဘာ့စီးပွားရေးအတွက် အားကောင်းသည့် အပြုသဘောဆောင်သော အင်အားကို ဖော်ဆောင်ပေးနေကြောင်း CMG က ဖော်ပြသည်။

ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူရန် ယုံကြည်မှု ဆောင်ကြဉ်းလာနေသည့်အပြင် တရုတ် စီးပွားရေးသည် ကမ္ဘာ့ စီးပွားရေးအတွက် ကျားကန်ပေးမှုကို လက်တွေ့ကျကျ ထောက်ပံ့ပေးနေသည်။ ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့ စီးပွားရေး တိုးတက်မှုအတွက် တရုတ်ပြည်၏ အကျိုးပြု စွမ်းဆောင်မှုနှုန်းမှာ ၂၅ ရာခိုင်နှုန်း ရှိကြောင်း၊ တရုတ်ပြည်၏ ကုန်ပစ္စည်းကုန်သွယ်ရေးဆိုင်ရာ သွင်းကုန်ပို့ကုန် စုစုပေါင်း ပမာဏမှာ ယွမ်ငွေ ဘီလီယံ ၃၉၁၀၀ ရှိပြီး ၂၀၂၀ ပြည့်နှစ်ကထက် ၂၁့၄ ရာခိုင်နှုန်း တိုးလာကာ တစ်ကမ္ဘာလုံးတွင် ကုန်ပစ္စည်း ကုန်သွယ်ရေး၌ ပထမနေရာတွင် ၅ နှစ် ဆက်တိုက် တည်ရှိကြောင်း သက်ဆိုင်ရာ စာရင်းအရ သိရသည်။ ယင်းသည် ကမ္ဘာက “တရုတ်ပြည်က ထုတ်လုပ်ခြင်း ဖြစ်သည်” (Made in China) အား လိုအပ်ခြင်းကို ပြဆိုသည့်အပြင် တရုတ်စားသုံးသူများက တစ်ကမ္ဘာလုံးမှ ပစ္စည်း ဝယ်ယူပြီး ပိုမိုများပြားသည့် ဝယ်လိုအားကို ဖော်ဆောင်ပေးနေခြင်းကိုလည်း ပြသနေကြောင်း CMG က ဖော်ပြသည်။

မကြာခင် နှစ်များတွင် တရုတ်ပြည်သည် နိုင်ငံခြားလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံရန် ကြိုက်နှစ်သက်သည့် နိုင်ငံ တစ်နိုင်ငံ ဆက်လက် ဖြစ်မြဲဖြစ်နေသေးသည်။ ၂၀၂၁ ခုနှစ်တွင် တရုတ်ပြည်တွင် အသစ်တည်ထောင်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကုမ္ပဏီ ပမာဏမှာ ၆ သောင်း ၁ ထောင် ရှိပြီး ၂၀၂၀ပြည့်နှစ်ကထက် ၂၃့၃ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။ ကိုဗစ် ၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားနေသေးပြီး ကမ္ဘာတစ်ဝန်းတွင် ရင်းနှီးမြှုပ်နှံမှု ဆက်တိုက် အားနည်းသည့် အခြေအနေမျိုးတွင် စူပါကြီးမားသည့် တရုတ်ဈေးကွက်မှ ဖန်တီးပေးနေသည့် အခွင့်ကောင်းများသည် ပိုမိုများပြားသည့် နိုင်ငံဖြတ်ကျော် ကုမ္ပဏီများအား တရုတ်ပြည်သို့ လာရောက် ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်နေသည်။

၂၀၂၂ ခုနှစ်တွင် တရုတ် စီးပွားရေး ရေရှည်ကောင်းမွန်သည့် အခြေခံ အခြေအနေသည် ပြောင်းလဲခြင်း မရှိပေ၊ စီးပွားရေး တိုးတက်မှု ဆိုင်ရာ ကောင်းမွန်သော ရေရှည်ခိုင်မာမှု ရှိခြင်းနှင့် ရှေ့အလားအလာ များစွာ ရှိခြင်း ဖြစ်သည့် ထူးခြားချက်သည် ပြောင်းလဲခြင်း မရှိပေ၊ စီးပွားရေး တည်ငြိမ်စွာ နာလန်ပြန်ထူခြင်းနှင့် စီးပွားရေး ဖွဲ့စည်းပုံ အဆင့်တိုးမြင့်ခြင်း အနေအထားလည်း ပြောင်းလဲခြင်း မရှိပေ။ မရေမရာ ဖြစ်မှု များစွာ ရှိနေသည့် ကမ္ဘာတွင် တရုတ် စီးပွားရေးသည် ကမ္ဘာတစ်ဝန်း စီးပွားရေး နာလန်ပြန်ထူလာခြင်းအတွက် ပိုမိုများပြားသည့် သေချာမှုကို ဖော်ဆောင်ပေးနေကြောင်း CMG က ဖော်ပြသည်။